စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ကောလင်းမြို့နယ်အရှေ့ခြမ်း ပေကုန်းရွာကနေ ရွှေဘိုကို ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ယောက်ကို ကန့်ဘလူမြို့နယ် စံပယ်နံ့သာအထိုင်စခန်းရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးတဲ့နောက် ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် မသင်းသင်း (အမည်လွှဲ) ကို အကြမ်းဖက်စစ်အုပ်စုက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့ မိန်းကလေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“အိမ်က မိဘတွေ ပြောစကားအရ ပုရစ်တူးဖို့ဆိုပြီး ထွက်သွားကြတာ။ ထွက်သွားတယ်ဆိုပေမယ့် မိုင် ၄၀ ကျော်ကြီးကို တစ်ရက်တည်းနဲ့ရောက်အောင် မောင်းနိုင်လားတော့ မပြောတတ်ဘူး။ ဆိုင်ကယ်နဲ့ ထွက်သွားကြတာ။ အဲဒီဂိတ်မှာ အဖမ်းခံရတယ်ပေါ့။ မုဒိမ်းကျင့်ခံရတဲ့ တစ်ယောက်ကလည်း အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ဘူး သူပြောတယ်။ သေပြီလို့တော့ အတည်ပြုဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ သူတော့ ရှင်မှ ရှင်ပါ့မလား မသိဘူးဆိုပြီး စကားတော့ ထွက်ခဲ့တယ်” လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကိုလည်း စစ်အုပ်စုက အသေခံမလား၊ မုဒိမ်းကျင့်ခံမလားလို့ မေးမြန်းခဲ့ကြောင်း၊ အသေခံမယ်လို့ ပြောပြီး ထွက်ပြေးလာရင်း တော်လှန်ရေးအဖွဲ့တွေထံ ရောက်ကာ အဲဒီကတဆင့် မိဘတွေထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

“သူ့ကိုလည်း အဓမ္မပြုကျင့်ခံမလား၊ အသေခံမလားလို့ မေးတယ်။ သူကတော့ အသေခံမယ်လို့တော့ ဖြေတယ်။ အဲဒါပြီးတော့ သူမိုင်းကွင်းတွေ ဖြတ်ပြေးခဲ့တယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ပြီးတော့ ချိတ်ဆက်ပြီး သူ့မိဘဆီ ပြန်ရောက်ခဲ့တယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း ကောလင်းမြို့နယ်ကနေ တန့်ဆည်ဘက် ကထိန်ခင်းဖို့သွားတဲ့ လင်မယား ၂ ယောက်ကို စံပယ်နံ့သာအထိုင်ဂိတ်က စစ်အုပ်စုတွေ ဖမ်းဆီးပြီး မိန်းမဖြစ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

နောင်ချိုမြို့နယ်အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေပြီး ခရီးသွားလာမှု ကန့်သတ်တာတွေ ပြုလုပ်လာနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုအစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းခရီးတလျှောက် ခရီးသွားလာမှုတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်းလွှတ်တော်နဲ့ WHO ပူးပေါင်းပြုလုပ်တဲ့ ကွန်ဖရန့်ကို CRPH တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့  နိုင်ငံတကာ ပါတီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ WHO တို့ ပူးတွဲပြုလုပ်တဲ့ Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့ပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။