တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒူရကစစ်ကြောင်းက‌ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ထားဝယ်မြို့အနီးတဝိုက်ကို လမ်းကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃ယောက် သေဆုံးကာ ၉ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို  ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရက စစ်ကြောင်း၊ ဒေါနတပ်ခွဲ (၇) နဲ့ ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာအတွင်း  ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးရဲဘော်တွေက မနက် (၁၀) နာရီမှာ တစ်ကြိမ်၊ ညနေ (၃) နာရီခွဲမှာ တစ်ကြိမ် ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း (Drone Team) နဲ့ DEF (Drone Team) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေတဲ့ အချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့  စစ်ရေး အထူးသတိပြု သွားလာနေထိုင်ကြဖို့၊ တိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း လိုက်နာကျင့်သုံးကြဖို့ ဒူရကစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို PDF နှင့် KNLA တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်မှ ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအပြား သိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၇)ရွာတွင် လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုနေသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။