အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။

စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ပဋိပက္ခရဲ့ ထွက်ပေါက်အဖြစ် ပြောဆိုနေတာပါ။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကတော့ “ချက်ချင်းအပစ်ရပ်စဲကြဖို့” တနင်္လာနေ့မှာ ထပ်မံတောင်းဆိုခဲ့ပါတယ်။

မလေးရှားမှာ တွေ့ဆုံခဲ့ကြတဲ့ အာဆီယံ ၁၁ နိုင်ငံခေါင်းဆောင်တွေက တနင်္ဂနွေနေ့ နှောင်းပိုင်း ထုတ်ပြန်ခဲ့ကြတဲ့ ကြေညာချက်မှာ မြန်မာ့ပဋိပက္ခအပေါ် “နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း” ထပ်မံဖော်ပြခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် “သိသာထင်ရှားတဲ့ တိုးတက်မှု ကင်းမဲ့နေခြင်း” ကိုလည်း ဆက်လက် သတိပေးပြောဆိုခဲ့ကြပါတယ်။

အဲဒီကြေညာချက်အတွင်း “ရွေးကောက်ပွဲတွေ မကျင်းပမီ အကြမ်းဖက်မှုတွေ ရပ်စဲရေးနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရမယ်” လို့ ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် စစ်အုပ်စုရဲ့ အာဆီယံနိုင်ငံတွေကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ ဖိတ်ကြားထားမှုအပေါ်လည်း မှတ်ချက်ပြုထားပါတယ်။

“ဆိုလိုတာက ရွေးကောက်ပွဲမှာ အာဆီယံရဲ့ စောင့်ကြည့်လေ့လာသူတွေ ရှိမှာ မဟုတ်ပေမယ့် အာဆီယံနိုင်ငံတွေအနေနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေးအရ လေ့လာသူတွေ စေလွှတ်လိုရင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်တယ်” လို့ အမည်မဖော်လိုသူ သံတမန်တယောက်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နောက်ထပ် သံတမန်တယောက်ကလည်း အာဆီယံအလံအောက်ကနေ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောတူညီချက် မရရှိခဲ့ဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

“အာဆီယံ စောင့်ကြည့်လေ့လာသူ မစေလွှတ်ခြင်းဟာ မြန်မာရဲ့ တရားဝင်မှု ရည်မှန်းချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လိမ့်မည်မှာ အသေအချာပဲ” လို့ စင်ကာပူအခြေစိုက် နိုင်ငံတကာရေးရာ လေ့လာသူ မူစတာဖာ အစ်ဇက်ဒင်က ပြောပါတယ်။

“လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း အခိုင်အမာ ပြောဆိုနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အထောက်အထားလည်း တခုမှ ရှိမှာမဟုတ်ဘူး” လို့ သူက ဆက်ပြောပါသေးတယ်။

အလားတူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “အဲ့ဒီ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ်ဆိုပြီး ဘယ်သူမှယုံမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်” လို့ ပြောဆိုထားတာပါ။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မစတင်မီ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ် ကြော်ငြာဆိုင်းဘုတ်ကို ပြည်သူများ ဖြတ်သွားကြသည်။ (ဓာတ်ပုံ AFP)

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို “အတုအယောင်” လို့ ရှုတ်ချခဲ့ပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း စစ်အုပ်စုဟာ “ဖိနှိပ်မှု နည်းလမ်းတွေ” သုံးပြီး “ရွေးကောက်ပွဲကို ဝေဖန်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးနေတယ်” လို့ စွပ်စွဲထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ ကော်မရှင်နာ ကက်စာ အိုလွန်ဂရန်ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ခြင်း၊ မျှတခြင်း မရှိလို့ဆိုပြီး စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ကြောင်း ပယ်ချခဲ့ပါတယ်။

“ဒီစံနှုန်းတွေအရဆိုရင် ကျမတို့က ရွေးကောက်ပွဲလို့ အသိအမှတ်မပြုတဲ့ ကိစ္စအတွက် လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ပါဘူး” လို့ သူမက AFP သတင်းဌာနကို ပြောခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အင်ဒရူးကတော့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ပြီး “စစ်အုပ်စုရဲ့ လုပ်ပွဲပြဇာတ်ကို တရားဝင်မှု မပေးဖို့” အာဆီယံကို အစောပိုင်းကတည်းက တိုက်တွန်းခဲ့ပြီး “အလိမ်အညာ ရွေးကောက်ပွဲ” ကို အသိအမှတ်ပြုခြင်းဟာ “မြန်မာနိုင်ငံကို နောက်ပြန်ဆွဲစေပြီး မကာကွယ်ပေးသင့်တဲ့အရာကို ကာကွယ်ပေးရာ ရောက်လိမ့်မယ်” လို့ သတိပေးခဲ့ပါတယ်။

မူရင်းသတင်း – ASEAN Not Sending Monitors to Myanmar Junta’s Election: Sources

0 Shares:
You May Also Like
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

တရုတ်ကို မြေရှားပြန်ပို့ဖို့ KIA ခွင့်ပြု

ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုဇုံတွေထဲကတခုကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ တရုတ်နိုင်ငံကို မြေရှားသတ္တု ပြန်တင်ပို့ခွင့်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းအရင်းအမြစ်နှစ်ခုနဲ့ ၎င်းမြင်တွေ့ခဲ့ရတဲ့ ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင် တည်းခိုရာ ဟိုတယ်အတွင်းထိ ထိုင်းကျောင်းသားတစ်ဦး သွားရောက်ဆန္ဒပြ 

ထိုင်း တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ယောက်ဟာ ဒီညနေ ၄း၃၀ ခန့်အချိန်မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ ရှန်ဂရီလာဟော်တယ်ကို သွားရောက်ဆန္ဒပြခဲ့ပါတယ်။