စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နဲ့ စဥ့်ကူးမြို့ ကူးလူးသွားလာရာ အဆိုပါတံတားဟာ အောက်တိုဘာ ၂၈ ရက် မနေ့ည ၁၁နာရီဝန်းကျင်မှာ ဖောက်ခွဲခံလိုက်ရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ အတိအကျ မသိရသေးပေမယ့် အကြမ်းဖက်စစ်တပ်ကတော့ တော်လှန်ရေးအဖွဲ့တွေ လုပ်တာလို့ စွပ်စွဲထားပါတယ်။

အဆိုပါ ရတနာသိင်္ခတံတားရဲ့ တစ်ဖက်စီဖြစ်တဲ့ ကျောက်မြောင်းမြို့ဘက်မှာ စစ်တပ် ရှိနေပြီး စဥ့်ကူးဘက်ခြမ်းမှာတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတာ ဖြစ်ပါတယ်။

တံတား ဖောက်ခွဲခံရကာ ကျိုးကျပျက်စီးပြီးတဲ့နောက် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က အဆိုပါ နေရာဒေသတဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာဝတီမြစ်ကို ကူးဖြတ်ထားတဲ့ အဆိုပါ ရတနာသိင်္ခတံတားကြီးဟာ စုစုပေါင်း ၂၄၈၀ ပေ ရှည်လျားပြီး ၂၀၂၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေရင်ထဲ စွဲမြဲနေမယ့် အနုပညာတွေ ဖန်တီးကြဖို့ အနုပညာကို အကျဉ်းချထားတဲ့ မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချပြီး အနုပညာဖန်တီးခွင့်တွေကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်စဉ် ပြောဆိုခဲ့ပါတယ်။
Read More

SSNDF/ KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်းနဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပကြောင်း KNDF တရားဝင်ထုတ်ပြန်…

SSNDF/ KNDF ဗျူဟာအမှတ် (၉) ကို ယခင်ရှမ်းတောင်မှာ လှုပ်ရှားခဲ့တဲ့ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့ကို ပေါင်းစည်းပြီး SSNDF / KNDF B - 101, SSNDF / KNDF B - 102, SSNDF / KNDF B-103 တွေအဖြစ် ပြောင်းလဲဖွဲ့စည်းထားတယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ်-KNDF က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

သိမ်းပိုက်ထားတဲ့ နယ်မြေများမှ ပြန်လည်ဆုတ်ခွါပေးရေးကို ငြင်းပယ်ကြောင်း TNLA ကြေညာခဲ့အပြီး နောက်တစ်နေ့ မိုးကုတ်ကို စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်…

မန္တလေးတိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ဒေသခံ (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း သပိတ်ကျင်းကို ၃ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။