မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုင်းအဆင့် ရဲမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) က သတင်းထုတ်ပြန်ထားပါတယ်။

‌အောက်တိုဘာ ၂၈ ရက် မနေ့နေ့လယ်ပိုင်းက မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက် မောင်း နှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ၄ စီးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းထဲက ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ကာ မောင်းပြေးသွားတဲ့အတွက် တော်လှန် ရေးရဲဘော်တွေက လိုက်လံရှင်းလင်းရာ မိုင်းထိမှန်တဲ့ ကားကို လမ်းပေါ်မှာ ရပ်ထားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ ကျန်တဲ့ကား ၃ စီးပေါ်တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

Video – သရက်ခရိုင်အမှတ် ၄ တပ်ရင်း

0 Shares:
You May Also Like
Read More

နတ်မောက်-စိုင်းကောင်းလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သည့် အကြမ်းဖက်စစ်သားများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်မြို့ မြကလပ်တောင်တော်ပေါ်ရှိ စစ်တပ်စခန်းကို ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မြကလပ်တောင်တော်ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲဘော်တွေ ခက်ခက်ခဲခဲ တက်ရောက်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲရုပ်သံကို KNDF/ B-15 က ထုတ်ပြန်လိုက်ပါတယ်။
Read More

သိမ်ဇရပ်မြို့နယ် စစ်ကောင်စီတပ်စခန်းများကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်ရှိ ၃၁၀ တပ်ရင်းအမြောက်တပ်၊ ဗဟိုကင်းနဲ့ လူပျိုဘားတိုက်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညပိုင်းက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖထံက သိရပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနဲ့ ပျူ ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။
Read More

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။