အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လက်ရှိ စစ်အုပ်စု ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲကသာ ပြည်သူလူထုဆန္ဒနဲ့အညီ တည်ရှိနေဆဲဖြစ်ကြောင်း မနေ့က အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒ၊ တိုင်းရင်းသားမဟာမိတ်တွေရဲ့ ရည်မှန်းချက်နဲ့အတူ ခိုင်မာစွာရပ်တည်နေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တန်းတူညီမျှမှုနဲ့ ပြည်သူလူထုရဲ့ဆန္ဒကို အခြေခံပြီး ဒေသတွင်းအင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကာ ဖက်ဒရယ်ယူနစ်တွေမှာ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ၊ ကြားကာလ အစီအမံတွေ ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။

(ဓာတ်ပုံ Frontier)

ဒါ့အပြင် စစ်အုပ်စုက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံတာဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်မှုပေးခြင်းသာ ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်မှာ ပြည်သူလူထု ၇၁ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ကာ နိုင်ငံတကာက လွတ်လပ်ပြီး တရားမျှတကြောင်း အသိအမှတ်ပြုခဲ့တဲ့ ရွေးကောက်ပွဲရလဒ်သာလျှင် ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင်တည်ရှိနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ထောက်ပံ့ကူညီမှုတွေ မပေးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိဖို့ အပြင် နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန်ကိုလည်း NLD ပါတီက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဆေးရေးလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးသည့် ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးတစ်ယောက်ကို စစ်ဆေးမှုပြုလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။