အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

MDY PDF အနေနဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု၊ တပ်ဖွဲ့ဝင်များစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ MDY PDF က ထုတ်ပြန်လိုက်တာပါ။

MDY PDF အနေနဲ့ ဘယ်လိုကြီးမားတဲ့ အခက်အခဲတွေပဲရှိရှိ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ MDY PDF နဲ့အတူ တိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က တရုတ်ရဲ့ ကြားဝင်မှုကြောင့် အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မယ့်အကြောင်း ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

အပစ်မရပ်ခင် နောက်ဆုံးလတွင် TNLA ထိန်းချုပ်ဒေသများအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၉ ဦး သေဆုံး၊ ၇၁ ဦး ဒဏ်ရာရကာ နေအိမ် ၁၇၉ လုံး အပါအဝင် များစွာ ပျက်စီးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ယောက် သေဆုံးခဲ့ပြီး ၇၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံသည့်တိုင် ဘောမိကျေးရွာမှ ထိခိုက်သေဆုံးများစွာနှင့် ဆုတ်ခွါထွက်ပြေးခဲ့ရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာရှိပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ဘောမိကျေးရွာမှာ အာရက္ခတပ်တော် AA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများစွာနဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။