တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါဟာ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စွဲရေး လက်မှတ်ရေးထိုးကာ သဘောတူ သတ်မှတ်ထားတဲ့ ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမှာဖြစ်တယ်လို့ ဆိုထားပါတယ် 

စစ်တပ်ဘက်က တအာင်းဒေသကို လေယာဥ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တာတွေ မပြုလုပ်ဘဲ အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ နှစ်ဖက်ရောက်ရှိတဲ့နေရာမှာ တပ်တွေ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး တအာင်းဒေသမှာ အောက်တိုဘာ ၁ရက်ကနေ ၂၆ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ပါး၊ ကလေး ၁၀ ယောက်၊ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက် သေဆုံးခဲ့ကာ သံဃာ ၆ပါး၊ ကလေး ၂၆ ယောက်၊ အမျိုးသား အယောက် ၂၀နဲ့ အမျိုးသမီး ၁၉ ယောက် ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တိုးလာတာကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် စစ်တောင်းမြစ်ဘေးတလျှောက်ရှိ မြို့နယ်၊ ကျေးရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြောင်းမဲ့ အထိုးခံရတာကြောင့် သွားရောက်တိုင်ကြားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ သေနတ်ဖောက် ရိုက်နှက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၃ ယောက်ရဲ့ ဈာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။