မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ဟာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့်လုပ်ငန်းတွေကို ကျူးလွန်လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၈ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ရဲ့ ဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ခြင်းနဲ့ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းစင်တာတွေ တိုးပွားလာခြင်းတို့ကို စိုးရိမ်ဖွယ် ရင်ဆိုင်နေရပြီး စစ်အုပ်စုဟာ ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေကို ထိန်းချုပ်ကာ လူပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူတာတွေ၊ CDM မှာ ပါဝင်သူတွေကို ခြေရာခံဖမ်းဆီးဖို့ Personal Scrutinization and Monitoring System ကို အသုံးပြုနေတာတွေ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။



ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်အောက်ခံ BGF တို့ဟာ Generative AI နဲ့ Deepfake နည်းပညာတွေနဲ့ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို လွယ်ကူချောမွေ့စေပြီး ခိုလှုံရာတွေ ဖန်တီးပေးနေကြောင်း၊ အွန်လိုင်းလိမ်လည်မှုရဲ့ သားကောင်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေပြီး ညှဉ်းပန်းနှိပ်စက်တာတွေ၊ အသက်သေဆုံးတဲ့အထိ ဖြစ်တာတွေ၊ အဓမ္မအလုပ်ခိုင်းစေခံရတာတွေနဲ့ လူကုန်ကူးခံရတာကို ရင်ဆိုင်ကြရကြောင်း၊ လူငယ်အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၁ သိန်းကျော်ဟာလည်း ကျားဖြန့်စခန်းတွေဆီ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်မှုတွေကို ကျူးလွန်ဖို့ အတင်းအကျပ် ခိုင်းစေခံနေရကြောင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

စစ်အုပ်စုက သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို ထိရောက်အောင် ဖြေရှင်းဖို့ ဆောင်ရွက်နိုင်ခြင်း မရှိတာ ရှင်းလင်းနေကြောင်း၊ ဒီလို ခြေအနေမျိုးမှာ စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာလည်း အကြမ်းဖက်မှုတွေနဲ့ ဆိုက်ဘာမှုခင်းတွေကို ပိုမိုဆိုးရွားစေမှာဖြစ်ပြီး ဒေသတွင်း မတည်ငြိမ်မှုတွေကို ပိုမိုဖြစ်ပေါ်စေမယ့်အကြောင်း၊ ဒါကြောင့် စစ်အုပ်စုရဲ့ အခုလို လှည့်ဖြားနေတဲ့ လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ပယ်ချဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှု အပါအဝင် သုံးစွဲသူ အချက်အလက်များကို အကြမ်းဖက်စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့သည့် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်

Justice For Myanmar (JFM) နဲ့ ICJ Norway တို့ဟာ နော်ဝေအခြေစိုက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ဆီ တိုင်ကြားချက် ဖွင့်လှစ်ခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

အာဆီယံအဖွဲ့ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ မလွှတ်၊ နိုင်ငံတကာကလည်း အယုံအကြည် မရှိ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး တွေ့ဆုံ၊ ဥရောပသမဂ္ဂက မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။