အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

MDY PDF အနေနဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ပံ့ပိုးကူညီမှု၊ မိတ်ဖက် နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းလက်တွဲမှု၊ တပ်ဖွဲ့ဝင်များစွာရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သွားမယ်လို့ MDY PDF က ထုတ်ပြန်လိုက်တာပါ။

MDY PDF အနေနဲ့ ဘယ်လိုကြီးမားတဲ့ အခက်အခဲတွေပဲရှိရှိ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကို ဆထက်ထမ်းပိုး ဦးလည်မသုန် ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ MDY PDF နဲ့အတူ တိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က တရုတ်ရဲ့ ကြားဝင်မှုကြောင့် အကြမ်းဖက်စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မယ့်အကြောင်း ဒီနေ့မှာ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်မှာ လမ်းပိုင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ သက်ကြီးပိုင်း ဒုအရာခံဗိုလ်အပါ ၅ ယောက်သေ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ယောက်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNU ဒူးသထူခရိုင်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အိုးဘိုထောင်တွင် ၅၀၅ (က)ဖြင့် အကျဥ်းကျနေသူ တစ်ထောင်ကျော်အနက် ၂၃၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင် ကျင်းပမယ့် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူတွေကို လွှတ်ပေးကြောင်း ကြေညာထားပေမယ့် မန္တလေး အိုးဘိုထောင်အတွင်း ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေထဲက ၅ပုံ ၁ပုံခန့်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။