ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်း မိုးမိတ်မြို့နယ် အောက်မကျည်းပင်ရွာ မီးသတ်ရုံးနှင့် အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ လုံး ၁ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံးကြဲချ တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်လို့ သိရပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် အ‌ဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၆ ရက်အတွင်း ကလေးငယ်၊ သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ဦးသေဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA မှ ထုတ်ပြန်ထားပါတယ်။

Video – ဓမ္မပါလ အရှင်စိန္တိတ

0 Shares:
You May Also Like
Read More

ကံသစ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်မှု စစ်သား ၄ ယောက် အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာကို ဧပြီ ၁၃ ရက်မှာ ခလရ ၂၅၈ တပ်ရင်းက အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖထံက သိရပါတယ်။
Read More

ဟားခါးမြို့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ အလံဖြူထောင်သည့် စစ်ကော်မရှင်တပ်သားများကို ဗိုလ်ဒါဘော ကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။
Read More

မြစ်ကြီးနားမြို့ ရွှေဆိုင် သေနတ်ပြ ခြိမ်းခြောက် ဓားပြတိုက်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ‌ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်သူ ၃ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။