မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် မနေ့က မနက် ၅နာရီခွဲလောက်က ဂွေးပင်ချောင်းကျေးရွာနဲ့ တောင်ငယ်လုံးကျေးရွာကြား စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၄ယောက် သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း စစ်ကြောင်းမှူးတစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ဆေးရေးဂိတ်ဖွင့်တာ ၂လဝန်းကျင်လောက် ရှိပါပြီ၊ အင်အားကတော့ ပုံမှန် မရှိဘူးပေါ့။ တပ်စိပ်တစ်စိပ်စာပေါ့။ တခါတလေ ၁၅ ယောက်လောက် ရှိမယ်။ တခါတလေ ၁၂ ယောက်လောက် ရှိမယ်ပေါ့။ ပူးပေါင်းထိုင်တာက ပြည်သူ့စစ်နဲ့ စစ်သားတွေ။ စစ်ကြောင်းမှူးက တိုက်ပွဲအတွင်းမှာ ကျခဲ့တာ” လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကျဆုံးခဲ့သည့် စစ်ကြောင်းမှူး ရဲဘော် ဆိပ်ဖြူ (ခေါ်) ရဲဘော် ဟိန်းမင်းသူ

ကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူးဟာ Yenanthar Column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) က စစ်ကြောင်းမှူး ရဲဘော် ဆိပ်ဖြူ (ခေါ်) ရဲဘော် ဟိန်းမင်းသူ ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်ကူများစွာ တက်လာတာကြောင့် ရုပ်အလောင်းကို ပြန်လည်ကောက်ယူနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

“စစ်ကူရောက်လာလို့ ကျနော်တို့ Dead Body ပြန်မရခဲ့တာပေါ့။ နောက်ပြီး ပစ်ခတ်မှုပြီးတော့ စစ်ကူရောက်လာတဲ့အချိန်မှာ နောက်ဆုတ်ပေးလိုက်ရတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကြောင်းမှူး ရဲဘော် ဆိပ်ဖြူ (ခေါ်) ရဲဘော် ဟိန်းမင်းသူ ကျဆုံးမှုနဲ့ ပတ်သက်ပြီး Yenanthar Column ကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းနဲ့ Yenanthar Column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုထံက သေနတ် ၁လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် စစ်လက်နက်ခဲယမ်းအချို့
စစ်သားအလောင်း
0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
Read More

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား နန်းတွင်းစစ်ကြောရေးတွင် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ

စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်ကော်မရှင် (သို့မဟုတ်) တိုင်းပြည်နှင့်လူထု၏ ရန်သူ

စစ်ခေါင်‌ဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။