ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၇ ရက် မနက်အစောပိုင်းမှာ မဲဆောက်မြို့က မြို့နယ်ရုံး အရပ်အခေါ် အန်ဖိုရုံးရဲ့ သန့်စင်ခန်းထဲမှာ မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားက လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ အသက် ၂၁ အရွယ် မြန်မာအမျိုးသမီး မအိအိဖြူကို အဆိုပါ သန့်စင်ခန်းထဲမှာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ရာမှာ မအိအိဖြူက လက်မခံတာကြောင့် ဓားနဲ့ အန္တရာယ်ပြုသွားတာ ဖြစ်တယ်လို့ တရားခံဖြစ်သူက ဝန်ခံထွက်ဆိုထားကြောင့် ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တရားခံဖြစ်သူ ထိုင်းအမျိုးသားဟာ အသက်၂၈ နှစ်အရွယ်ဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်၊ ၁၁ နာရီ ဝန်းကျင်အချိန်မှာပဲ မဲဆောက်မြို့၊ ဖရာ့ကျောက်တာ့က်အဝိုင်းနား စက်သုံးဆီဆိုင်အနီးက ATM စက်နားမှာ ပုန်းနေကြောင်းကို ပြည်သူတွေက တိုင်ကြားလာတာကြောင့် မဲဆောာက် ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

တရားခံဟာ ဒီဖြစ်ရပ် မတိုင်ခင်ကလည်း အဓမ္မပြုကျင့်မှု (၂) ကြိမ်ကျူးလွန်ခဲ့ဖူးတဲ့ ပြစ်မှုမှတ်တမ်းဟောင်းရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

ဓားနဲ့ တိုက်ခိုက်ခံခဲ့ရသူ မအိအိဖြူကတော့ လက်ရှိ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ကုလမှုခံယူနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာပြီလို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

ရာသီဥတုဖောက်ပြန်မှုကြောင့် အမျိုးသမီးတွေ အများဆုံးထိခိုက်တယ်လို့ အာဆီယံရဲ့အစီရင်ခံစာ ပြော

ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။
Read More

NUG ဂျပန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေး ဆောင်ရွက်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
Read More

လူကုန်ကူးမှုများကြောင့် နာမည်ပျက် ဖိအားများနေချိန်၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးခေါင်းစဉ်နှင့် BGF/ DKBA၊ တရုတ်လုပ်ငန်းရှင်တို့ အစည်းအဝေးထိုင်

BGF နဲ့ DKBA တပ်ခေါင်းဆောင်တွေနဲ့ မြဝတီ (ရွှေကုက္ကိုလ်) မှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ စောချစ်သူရဲ့ဦးဆောင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 
Read More

ထိုင်း ကွန်ဆာဗေးတစ်ပါတီ (Thai Pakdee) က မြန်မာ NGO များကို နှိမ်နင်းမည်ဟု မဲဆွယ်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ နီးကပ်လာတာချိန်မှာ ထိုင်းကွန်ဆာဗေးတစ်ပါတီတစ်ခုဖြစ်တဲ့ ထိုင်းပက်ခ်ဒီး (Thai Pakdee) ပါတီက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ NGO အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး လူမျိုးရေးလှုံ့ဆော်မှုတွေနဲ့ မဲဆွယ်စည်းရုံးလာ ကြောင်း ထိုင်းမီဒီယာတွေ ကဖော်ပြကြပါတယ်။