ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ (၂၅)ရက် ညနေပိုင်းမှာ မန်လီကျေးရွာအတွင်း ဒရုန်း အသုံးပြုပြီး ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲကာ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ကျေးရွာအတွင်း ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်တချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခုအောက်တိုဘာ (၁)ရက်ကနေ (၂၆)ရက်အထိ အကြမ်းဖက်စစ်တပ်က လေကြောင်းနဲ့ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၂၁) ယောက် သေဆုံးသွားခဲ့ပြီး  သံဃာတော် (၆)ပါး၊ ကလေး (၂၆) ယောက်၊ အမျိုးသား (၂၀) ယောက်နဲ့ အမျိုးသမီး (၁၉) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၃) လုံး၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ ကြက်မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနဲ့ ကား (၁၀)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က TNLA စိုးမိုးနယ်မြေတွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့​တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ လူအင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်ပြဿနာ၏ အဓိက တရားခံ အာဏာသိမ်းစစ်တပ်က ငွေလိမ်ဂိုဏ်းများကို အယောင်ပြ ဖြိုခွင်း သက်သေဖျောက်ဖျက်ကာ နေရာရွှေ့ပြောင်းပေးနေဟု NUG ပြော

ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ အရေးယူမှုတွေ ပြုလုပ်လာချိန်မှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အယောင်ပြ နှိမ်နင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။ ဒါပေမယ့် တကယ်တမ်း ငွေလိမ်ဂိုဏ်း ပြဿနာတွေရဲ့ အဓိက တရားခံဟာ အာဏာသိမ်းစစ်တပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောကြားလိုက်ပါတယ်။
Read More

ရေတာရှည်မှာ စစ်ကောင်စီက ကျေးရွာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ယောက် ဒဏ်ရာရ၊ ထန်းတစ်ပင်မှာ စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူ (၁)ယောက်ကို အကြောင်းမဲ့ ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ထန်းတစ်ပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် ဒဏ်ရာရပြီး ထန်းတစ်ပင်မြို့နယ်မှာတော့ စစ်ရှောင်ပြည်သူ ၁ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငါ့သရောက်ရဲစခန်းမှ ထွက်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ အကြမ်းဖက်စစ်သား ၈ဦးသေပြီး ၁၈ဦး ဒဏ်ရာရကာ စစ်ကြောင်းလန် ပြန်ဆုတ်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ကြောင်းလန်ပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ညောင်ဦးမြို့နယ် ပကဖတာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။