မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက်ဆီ မောင်းနှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၈ ရက် ဒီနေ့လယ် ၁၂ နာရီ ၅၀ မိနစ်က ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီကျေးရွာနဲ့ ဝန်တွင်းကျေးရွာကြားမှာ ဖရဲသီး သတင်းပေးချက်အရ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဥ် တိုင်းအဆင့် ရဲမှူးပါတဲ့ ကား ၄စီး ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ကာ ထွက်ပြေးသွားခဲ့ပြီး အဆိုပါကား မောင်းနှင်ရာကို လိုက်လံပစ်ခတ်တဲ့အခါမှာ မိုင်းထိမှန်တဲ့ကားကို လမ်းပေါ်ရပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကျန်တဲ့ ကား ၃စီးပေါ် တင်ကာ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က မျက်မြင် ၄ယောက် ထိခိုက်သေဆုံးနိုင်ပြီး 7.62 ကျည် ၇၈ တောင့်၊ G3 ကျည် ၂၄ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ ငွေသား ၃သိန်းကျပ်ကို သိမ်းဆည်းရရှိခဲ့သလို အဆိုပါ ကားကို မီးရှို့ဖျက်ဆီးကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့တွေဟာ မင်းတုန်းမြို့အဝင် (၅)မိုင် စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ဂရုစိုက်သွားလာကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့သိမ်းဖို့ထက် မြို့ထိန်းဖို့ခက်လို့ တပ်သားသစ်တွေ ခေါ်ယူနေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ ဝမ်းတွင်းမြို့နယ်၊ ရေစကြိုမြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ စိုင်းပြင်းနေပါတယ်။ 
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

ကရင်နီပြည်နယ်မှာ စစ်ကောင်စီ ထိုးစစ်မရပ်တန့်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ချိန်ညှိပြီး စစ်ဆင်ရေး လုပ်ဆောင်သွားမည်ဟု JCS ထုတ်ပြန် 

ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီက တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ် မူတည်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) ကနေ သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။