စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၆၊ မနက် ၆နာရီ ၄၀ မိနစ်လောက်မှာ ဆက်ကြေးကောက်ဖို့ အင်အား ၂၀ ဝန်းကျင်နဲ့ ခြေလျင်ထွက်လာတဲ့ ပျူစောထီးတပ်သားတွေကို မုံရွာ-မန္တလေး လမ်းမကြီးတစ်နေရာအရောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ ၁ ယောက် သေဆုံးပြီး ၆ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကို ကားနဲ့ လာသယ်ပြီး ဆေးရုံသွားပို့တယ်လို့ ကြားတယ်ဗျ။ သေဆုံးတာနဲ့ ပတ်သက်ပြီး မျက်မြင်ပြည်သူများထံက သိရတာပါ။ သူတို့ ဆက်ကြေးကောက်တာက နေရာအတည်တကျ မရှိပါဘူး” လို့ Chindwin Fighter Group – CFG တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မုံရွာ-မန္တလေး ကားလမ်းပိုင်းတွင် ပျူစောထီးများ ဆက်ကြေးကောက်နေစဉ်


အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army ၊ BHA ၊ Monywa Dynamite (STF) နဲ့ Chindwin Fighter Group – CFG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးတပ်သားတချို့ တောပုရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၄ရက်နေ့ကလည်း Chindwin Fighter Group – CFG ပူးပေါင်းတပ်ဖွဲ့က မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၃ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသည့် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်တပ် အကြောင်းမဲ့ ပစ်သတ်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရာဘာခြစ်နေတဲ့ အရပ်သားအမျိုးသမီးတစ်ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ Phoenix - Special Warfare Force ကနေ သတင်း ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမြို့နယ်က စစ်ရှောင်ပြည်သူတွေကို PDF အမှတ် ၁၂၂၂ တပ်ရင်းက စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျွန်းထဲကျေးရွာ (၄) ရွာက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(TRI ဗျူဟာ) - အမှတ် ၁၂၂၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားအမျိုးသမီး ၃၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။