မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့ကိုလည်း သူက အလေးပေး ပြောသွားပါတယ်။

မလေးရှားမှာ ကျင်းပနေတဲ့ (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ သတင်းစာရှင်းလင်းပွဲ လုပ်ရင်း ဂူတာရက်စ်က “အဲ့ဒီ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ မယုံဘူးလို့ ကျနော်ထင်တယ်” လို့ ပြောဆိုခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဒီနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ စတင်ကျင်းပမယ်လို့ အာဏာသိမ်းစစ်အုပ်စုက ကြေညာထားတာပါ။

ဂူတာရက်စ်က ဆက်ပြီး “အဲ့ဒီ ရွေးကောက်ပွဲတွေက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မယ်လို့လည်း ဘယ်သူမှ မယုံဘူးလို့ ကျနော်ထင်တယ်” လို့ ဆက်ပြောပါတယ်။

“ဒီအချိန်မှာ ကျနော်တို့အနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ တချိန်တည်းမှာပဲ အရပ်သားအုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အစိုးရပုံစံကို ဦးတည်တဲ့ နိုင်ငံရေးပြောင်းလဲမှုအတွက် လမ်းခင်းပေးဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်” လို့ သူက ဖြည့်စွက်ပြောကြားသွားပါတယ်။

မူရင်းသတင်း – UN chief expresses skepticism over fairness of upcoming polls in Myanmar

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  
Read More

ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ICJ ကြားနာမှုတွင် အကြမ်းဖက်စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ကြောင်း NUG ထုတ်ပြန်

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။
Read More

နိုင်ငံရေးအခြေအနေများ အပြောင်းအလဲဖြစ်နေသည့် အိန္ဒိယတွင် မြန်မာဒုက္ခသည်များ သတိထားနေထိုင်ကြဖို့ India For Myanmar တိုက်တွန်း

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။