အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။

အရွေးကောက်ပွဲအတုကို အားပေးတဲ့အပြင် ယုံကြည်ချက်ကြောင့် တော်လှန်နေတဲ့ လူငယ်ထုကို စော်ကားတာ၊ လူထုအရေးတော်ပုံကို ပုံဖျက်တာ၊ အမှန်တကယ် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ စစ်ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်အောင် အားပေးအားမြောက်လုပ်နေတဲ့ အညံ့စားအနုပညာရှင်တွေကို ပြစ်ဒဏ်ခတ်ဖို့ ရန်ကုန် UG တွေက တိုက်တွန်းထားပါတယ်။

“နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လက်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး စသည့် လူထုနှင့် နိုင်ငံတော်အပေါ် ပျက်ရယ်ပြုစော်ကားသည့် အညံ့စား၊ အဖျင်းစား ဝါဒဖြန့် အနုပညာရှင်များအား Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ် ခတ်ကြရန် မိမိတို့ ရန်ကုန် UG များမှ ပြည်သူလူထု တစ်ရပ်လုံးသို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

ကြေညာချက်ထဲမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ” ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းထဲမှာ ၂၀၂၁ အာဏာသိမ်းကာလအစ အရပ်သား၊ ရဟန်း၊ ရှင်လူတွေရဲ့ ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆို ဆန္ဒပြကြတဲ့ ပုံရိပ်တွေထက် မီးရှို့တာ၊ ဓာတ်ဆီလောင်းတာစတဲ့ ပုံရိပ်တွေကို ပိုပိုသာသာ သုံးထားပြီး ဇာတ်လမ်းအတွင်း တော်လှန်ရေးကြောင့် သာမန်လက်လုပ်လက်စား လူငယ်တွေအပေါ် ထိခိုက်မှုဖြစ်စေကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ ရွေးကောက်ပွဲဆန့်ကျင်သူတွေကို ဟာသသဖွယ် ခပ်ပေါပေါ ဖန်တီးထားပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အရပ်သားတွေကို ခြိမ်းခြောက်ထားတာတွေလည်း ပါဝင်နေပါတယ်။
ပြည်သူတွေ တာဝန်ကျေသလိုပဲ အညံ့စား ဝါဒဖြန့်အနုပညာရှင်တွေရဲ့ အချက်အလက်တွေကို ရရှိထားပြီးဖြစ်တာကြောင့် လူထုနဲ့ အရေးတော်ပုံကို စော်ကားခဲ့တဲ့ ဒီလူတွေရဲ့ နောင်ဖြစ်လာမယ့် ကိစ္စရပ်တွေကို ပြည်သူလူထု တရားစီရင်ခန်းအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင် အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ရန်ကုန် UG အဖွဲ့တွေဖြစ်တဲ့ Yangon Army (YA) ၊ Dark Shadow ၊ Operation Flame (OF) ၊ Mother Son Yangon Force နဲ့ Broken System အဖွဲ့တွေ ပူးတွဲ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

Southern Eagle PDF က ရဲဘော်တွေရဲ့ သီတင်းကျွတ်ကာလ ဖြတ်သန်းမှု ပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရဲဘော်တွေ သီတင်းကျွတ်အခါသမယကို ဆင်နွှဲနေတဲ့ မြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Air Cargo ဖြင့် ကုန်စည်တင်သွင်းမှု စစ်ကော်မရှင် တင်းကြပ်ထားတာကြောင့် လုပ်ငန်းတချို့ ယာယီရပ်နားရ

အာဏာသိမ်း စစ်ကော်မရှင်ဟာ နယ်စပ်နဲ့ ရေကြောင်းကနေ ကုန်စည်တင်သွင်းမှုတွေကို ထိန်းချုပ်ကန့်သတ်ထားပြီးနောက် လေကြောင်းကနေ ကုန်စည်တင်သွင်းလာမှုကိုပါ ပိတ်ပင်ကန့်သတ်လာပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။