မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်၊ မနေ့က နွားထိုးကြီးမြို့နယ်အနောက်ဘက် တစ်နေရာမှာ တော်လှန်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ဆောင်နေချိန် အဆိုပါဒရုန်းကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဒရုန်းဟာ Multi ၆ လက် တိုက်ခိုက်ရေးဒရုန်းအမျိုးအစားဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာချိန် လွှတ်တင်ရင်း ချို့ယွင်းမှုတွေကြောင့် ပျက်ကျ ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။

“ကျနော်တို့ဘက်ကို ဒရုန်းချရင်း battery ကုန်ပြီး ပျက်ကျတာမျိုးပါ။ မနေ့က ရှင်းလင်း‌ရေးလုပ်ရင်း သိမ်းဆည်းရမိခဲ့တာပါ။ တိုက်ခိုက်ရေးအတွက် သုံးတာ.. လက်ရှိပေါက်ဈေးအရဆိုရင် မြန်မာငွေ ကျပ်သိန်း ၁ ထောင်အထက်မှာ ရှိပါတယ်” လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သိမ်းဆည်းရရှိသည့် ဒရုန်းနှင့်အတူ တွေ့ရသည့် နွားထိုးကြီး ပကဖ ရဲဘော်များ

အကြမ်းဖက် သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းတွေဟာ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့အထိ စစ်ကြောင်းတွေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မလှိုင်မြို့ကနေလည်း စစ်ကြောင်း ၂ ခု ခွဲပြီး တက်လာတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထောက်ခံတဲ့ ဝါဒဖြန့်သတင်းချန်နယ်တွေမှာတော့ နွားထိုးကြီးနဲ့ မြင်းခြံအတွင်း PDF တပ်ဖွဲ့ဝင်တွေကို သီတာယုမွန် ဦးဆောင်တဲ့စစ်ကြောင်းက လိုက်လံချေမှုန်း အောင်ပွဲခံနေကြောင်း ဖော်ပြထားပေမယ့် လက်ရှိမြေပြင်မှာတော့ အဲ့ဒီလိုမဟုတ်ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်နေ့ကနေ အောက်တိုဘာလ ၁၂ ရက်နေ့အတွင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ခုခံစစ်ကနေ ထိုးစစ်သဖွယ် ပြောင်းလဲရင်း တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၄-၁၀) နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

အဲဒီထိတွေ့တိုက်ပွဲတွေထဲ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားအမျိုးသမီးများစွာကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူး ကျော်မင်းနဲ့ အရာရှိတွေအပါအဝင် စစ်အုပ်စု အယောက် ၄၀ ခန့် ထိခိုက်သေဆုံးကာ စစ်သုံ့ပန်း ၉ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားရရှိတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သိမ်းဆည်းရရှိသည့် ဒရုန်းနှင့်အတူ တွေ့ရသည့် နွားထိုးကြီး ပကဖ ရဲဘော်များ
0 Shares:
You May Also Like
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

ငလျင်ဒဏ်များအကြား စစ်ကောင်စီက ပေါက်နှင့် စလင်းတွင် လေကြောင်းရော လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၊ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ် ၁ဦး လက်နက်ကြီး ထိမှန်သေဆုံးပြီး လေကြောင်းရန် တိမ်းရှောင်နေရသူ ၈ ထောင်ကျော် ရှိ

နိုင်ငံတစ်ဝန်း ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေပေမယ့် စစ်ကောင်စီက မကွေးတိုင်း စလင်းမြို့နယ်နဲ့  စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

မကွေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။
Read More

စေတုတ္တရာတွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်သူ၊ ကူညီသူ၊ စည်းရုံးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပကဖ သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမ်းမြို့ကို လာတဲ့ စစ်ကောင်စီ ရဟတ်ယာဥ် အပြန်မှာ ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ဆီ လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။