ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်း မိုးမိတ်မြို့နယ် အောက်မကျည်းပင်ရွာ မီးသတ်ရုံးနှင့် အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ လုံး ၁ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံးကြဲချ တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်လို့ သိရပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် အ‌ဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၂၆ ရက်အတွင်း ကလေးငယ်၊ သံဃာတော်တွေအပါအဝင် ပြည်သူ ၄၉ ဦးသေဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA မှ ထုတ်ပြန်ထားပါတယ်။

Video – ဓမ္မပါလ အရှင်စိန္တိတ

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင့်ကားတပ်တို့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တပ်မ ၃၃ နဲ့ အုန်းတော ၆၀၀၅ တင့်ကား တပ်တို့ ပူးပေါင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့ YOUNG WOLF PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဂိတ်နှင့် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ပေါက်တာရွာ စစ်တပ်ဂိတ်နဲ့ စစ်ကူစစ်ကြောင်းကို ‌တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြားသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။