မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ နေအိမ်မှာ အမျိုးသမီးတစ်ယောက် အသတ်ခံရကြောင်း သတင်းရရှိတာကြောင့် စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ပိုင်ရှင်ဟာ အသက် (၈၄) နှစ်အရွယ် အငြိမ်းစား စာကြည့်တိုက်မှူးဖြစ်ပြီး နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေပြီး အတူနေတဲ့ အသက်  (၃၆)နှစ်အရွယ် မြေးဖြစ်သူ အမျိုးသမီးကိုတော့ မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်မှာ ဦးခေါင်း၊ ဝဲနားထင် ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားတာကို စစ်ဆေးတွေ့ရှိရတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူဟာ သေဆုံးသူရဲ့ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှာ တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးထွန်း ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက အခင်းဖြစ်နေအိမ်ဆီ ပြန်လည်ရောက်ရှိလာချိန် ဖမ်းဆီးရမိခဲ့တယ်လို့လည်း စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ ပြစ်မှုကျူးလွန်သူဟာ အိမ်ငှားရမ်းနေထိုင်ခဲ့ရာ ငွေကြေး အခက်အခဲများစွာရှိခဲ့ပြီးနောက် သေဆုံးသူဆီကနေ ပိုက်ဆံချေးငှားခဲ့ပေမယ့် မရရှိခဲ့တာကြောင့် အခုလို ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူဟာ ကုတင်ပေါ် အိပ်ပျော်နေတဲ့ တူမတော်စပ်သူကို အိမ်သုံး သံရိုက်တူနဲ့ ၃ ချက်ခန့် ထုရိုက်ပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ အဒေါ်ဖြစ်သူကို ငယ်ထိပ် တူနဲ့ တစ်ချက် ထုရိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြစ်မှုကျူးလွန်သူဟာ အဒေါ်ဖြစ်သူရဲ့ အိပ်ခန်းအတွင်းရှိ သံသေတ္တာကို တူနဲ့ ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားတဲ့ “အောင်သမာဓိ” တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး တစ်တုံးနဲ့ အိပ်ယာပေါ်ရှိ ကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့ဆီ ပြန်လာခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ ယူဆောင်လာတဲ့ ရွှေတုံးကို ရောင်းချကာ ချေးငှားထားတဲ့ ငွေကြေးတွေ ပြန်လည်ပေးဆပ်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အထွေထွေ အကြပ်အတည်းတွေကြောင့် မြို့ပေါ်တွေမှာပါ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု စတဲ့ ရာဇဝတ်မှုတွေ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ - ၃၁၈ ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

အလင်းဝင်မယ့် စစ်သား ၇ ယောက်ကို သွားခေါ်ရင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက် ပြန်လည်သက်သာလာ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ အဓမ္မစစ်မှုထမ်းခဲ့ရတဲ့ စစ်သား ၇ ယောက် အလင်းဝင်လာတာကို သွားရောက်ခေါ်ဆောင်ချိန် ဒဏ်ရာရခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။