မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင်တပ်သား ၂ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက်လုံး သေဆုံးသွားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မြင်းခြံခရိုင်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ တောင်သာမြို့နယ် စစ်တပ်အထိုင်စခန်းကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်သား ၂ယောက်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိတဲ့အတွက် ပစ်ခတ်လိုက်တာကြောင့် ၂ယောက်လုံး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ပစ်ခတ်နေတဲ့နေရာကျတော့ လုံခြုံရေးအခြေအနေကြောင့် ပြောပြလို့ မရသေးဘူး။ သူတို့ထွက်လာတဲ့အချိန်မှာ ရုတ်တရက်တွေ့ပြီး ပစ်လိုက်တာပေါ့နော်။ ၂ယောက်လုံး ပွဲချင်းပြီး သေသွားတယ်” လို့ PLA မြင်းခြံခရိုင်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း



အဆိုပါ တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သလို အကြမ်းဖက်စစ်တပ်ကနေ စစ်ကူရောက်လာတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် G3 သေနတ် ၁လက်နဲ့ ကျည်တချို့ကို တော်လှန်ရေးရဲဘော်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

“တစ်ယောက်က သေနတ်လွင့်စင်သွားပြီး မြောင်းထဲကျသွားတော့ ရှာဖို့ အခက်အခဲရှိလို့ မရှာခဲ့တော့ဘူးပေါ့နော်။ သေနတ် ၁လက်ပဲ ရလာခဲ့တယ်။ အပြန်အလည်ပစ်ခတ်မှုတွေတော့ မဖြစ်ခဲ့ဘူး။ အမြန်ဆုံး ပစ်ခတ်ပြီးလို့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်ဆုတ်ခွာလာတဲ့အတွက်ကြောင့် အပြန်အလှန် ပစ်ခတ်တာမျိုးတော့ မရှိဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

စက်တင်ဘာ ၈ရက်နေ့တုန်းကလည်း ကန့်ဘလူမြို့နယ်တစ်နေရာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို PLA မြင်းခြံခရိုင်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၇ယောက် သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးနှင့် ဒီပဲယင်းကိုတက်မည့် စစ်တပ်စစ်ကြောင်း ဘုတလင်တွင် ရက် ၂၀ ကြာ ပိတ်မိပြီး နမခကို ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။