အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို များစွာအထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ၂နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ ၁ မှာ စစ်ကော်မရှင်နဲ့ သဘောတူညီထားတဲ့ စစ်ရေးရပ်စဲမှုဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေး မဟုတ်သေးဘူးဆိုတာ အားလုံးသိထားရမယ်လို့ MNDAA စစ်ဦးစီးမှူးချုပ်က ပြောကြားခဲ့ကြောင်း MNDAA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်နဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့လမ်းစဥ်ဟာ ဝေးနေဆဲဖြစ်တယ်လို့ စစ်ဦးစီးမှူးချုပ် Mr. Peng De Ren က အောက်တိုဘာ ၂၅ရက်မှာ ပြုလုပ်တဲ့ MNDAA ရဲ့ ၂၀၂၅ ခုနှစ် အပတ်စဥ် (၁) ကေဒါများ အလှည့်ကျသင်တန်း ဆင်းပွဲ အခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကနေ စတင်ခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ပြန်လည်သုံးသပ်ရင်း ဒီနေ့အချိန် ရရှိထားတဲ့ စစ်ရေးရလဒ်တွေဟာ မရေမတွက်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သွေးချွေးနဲ့ အသက်တွေ ပေးလှူခဲ့မှုကြောင့် ရရှိခဲ့တာဖြစ်ကြောင်း စစ်ဦးစီးမှူးချုပ်က သင်တန်းသားတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂လကြာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဒီသင်တန်းဟာ ထူးခြားတဲ့ မဟာဗျူဟာမြောက် အရေးပါမှုရှိကြောင်း၊ သင်တန်းသားအားလုံးဟာ တိုက်ရိုက်ကွပ်ကဲရေးမှူးတွေအဖြစ် အထူးဒေသငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ပေးအပ်ခံရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

TNLA စိုးမိုးနယ်မြေများတွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ (၂၇) ဦး သေဆုံး၊ (၈၂) ဦး ထိခိုက်ဒဏ်ရာရ  

ဇူလိုင်လတစ်လအတွင်း တအာင်းတပ်မတော် TNLA စိုးမိုးထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နဲ့ ကွတ်ခိုင်မြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့ပြီး (၈၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

ပြိုကျပျက်စီးသွားတဲ့ မန္တလေး Sky Villa ကွန်ဒိုအတွင်းမှ မြေးအဖွား ၃ ဦး အသက်ရှင်

ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒို ပြိုကျခဲ့မှုအတွင်း မြေးအဖွား ၃ ဦးကို အသက်ရှင်လျက်ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ခတ်စဉ် ငွေသားလုံခြုံရေးအကြောင်းပြကာ တံခါးပိတ်ခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်မှာ သေဆုံးသူ ၂၀ အထိရှိခဲ့

ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျခဲ့တဲ့ ပျော်ဘွယ်က KBZ ဘဏ်အဆောက်အအုံအတွင်း သေဆုံးသူ ၂၀ အထိရှိခဲ့တယ်လို့ပျော်ဘွယ်မီးသတ်က ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီးရိုက်နှက် ‌ခေါ်ဆောင်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။