ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရေးပေါ်လူနာ သွားရောက်သယ်ယူရင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ရဲ့  အသင်းသားတစ်ယောက် သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၆ရက် ညနေပိုင်းမှာ ကွန်းတောင်ရပ်ရွာရှိ လူနာတစ်ယောက်ကို သွားရောက်ခေါ်ဆောင်ချိန် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄ နှစ်အရွယ် လူမှုကူညီရေးအသင်းသား မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ထိမှန်သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

“မောင်ဌေးအောင်ဟိန်းက ပုဏ္ဏားကျွန်းမြို့နယ်ကပါ။ အခုဆိုရင် အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ အခုလို ပြည်သူတွေအတွက် အားတက်သရော ကူညီတတ်တဲ့ ပရဟိတ လူငယ်တစ်ယောက် ဆုံးရှုံးရတာ ကျနော်တို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနဲ့ အသင်းတစ်ခုလုံး ရင်ထဲ မချိမဆံ့ ခံစားရပါတယ်” လို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်

သေဆုံးသူ မောင်ဌေးအောင်ဟိန်းဟာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး ဖောင်ဒေးရှင်းထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။ မောင်ဌေးအောင်ဟိန်းဟာ ကျောင်းတက်ရင်း တစ်ဖက်မှာလည်း လစာမရတဲ့ စေတနာ့ဝန်ထမ်းအလုပ်ကို အားတက်သရော လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

“ဒီကလေးဟာ ကျနော်တို့ ဖြူစင်ရင်ခွင်ထဲမှာ တော်တော်လေးကို အားကိုးရတဲ့ကလေးပါ။ ကျောင်းတက်ချိန်မှာဆိုလည်း ကျောင်းကလွှတ်တာနဲ့ ရုံးကိုလာပြီးတော့ ဘယ်ကိုသွားရမှာလဲ၊ ဘာလုပ်ရမှာလဲ ဆိုပြီး တက်တက်ကြွကြွနဲ့ ပြည်သူတွေအပေါ် ကူညီချင်တဲ့ စိတ်ရင်းရှိတဲ့သူ။ ကျနော်တို့ရဲ့ စေတနာ့ဝန်ထမ်းတွေကို လစာလည်း ပေးထားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် မိမိလူမျိုးတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ဝါသနာ၊ စေတနာ၊ အနစ်နာခံပြီး လုပ်ကိုင်နေကြတာ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

မောင်ဌေးအောင်ဟိန်းတို့အဖွဲ့ အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်တဲ့နေ့မှာ စစ်တွေနယ်ဘက်ကို စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်နေပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဒရုန်းလာရောက် ဗုံးကြဲတဲ့နေရာဟာ အကွာအဝေးအားဖြင့် ဝေးလွန်းတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်
အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်၏ ရုပ်အလောင်း
0 Shares:
You May Also Like
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ဆားလင်းကြီး မြို့ပေါ်ရှိ စစ်တပ်အထိုင်ချ စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၍ စစ်တပ်ဘက်မှ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်တပ်အထိုင်ချစခန်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။ 
Read More

တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ THE GOVERNMENT OF CHINLAND က ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ဖားကန့်မြို့ အဝင်အထွက်ကိုပိတ်ထား

“ဒီလိုပိတ်ထားတာက ရွေးကောက်ပွဲကြောင့်ပါ။ သူတို့အင်အားအများကြီးချပြီး ဖားကန့် မြို့အဝင်အထွက်ကို ပိတ်လိုက်တယ်၊ မြို့လယ်ကနေပြီးတော့ ရပ်ကွက် ၂ ခုခြားထားတဲ့ တံတားကို လည်း ဒီနေ့ပိတ်လိုက်တယ်၊ အသွားအလာ မပေးတော့ဘူး၊ မနက်ဖြန်မှာတော့ ဘယ်လိုဆက် လုပ်မလဲဆိုတာတော့မသိဘူး၊ ဖားကန့်ကို ဘယ်လိုမှ ဝင်လို့မရတဲ့ အခြေအနေမျိုပါပဲ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

“အရေးတော်ပုံ” ဆိုသည့် စကားလုံးသုံးနှုန်း မဲဆွယ်မှုကြောင့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ "တော်လှန်ရေး"၊ "အရေးတော်ပုံ" စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။