မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက်က ရွေးကောက်ပွဲကို “သင့်မဲဖြင့် လူသတ်ခွင့်မပေးနဲ့” ၊ “တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ” အစရှိတဲ့စာသားတွေပါတဲ့ စာရွက်တွေကို ဂန့်ဂေါမြို့ထဲက အမှတ်(၄)ရက်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီး၊အမှတ်(၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တစ်နေရာအပြင် မြို့တောင်ဖက်အထွက်ရှိ We loveစစ်ဆေးရေးဂိတ်အနီး အစရှိတဲ့နေရာတွေမှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုကို ပြုလုပ်ခဲ့တယ်လို့ ယောအလင်းတန်းဆီက သိရပါတယ်။

မြို့ထဲက အခြားနေရာတွေမှာလည်း ရွေးကောက်ပွဲ လက်မခံကြောင်း စာရွက်တွေကပ်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ လုံခြုံရေးတွေက အချိန်ပြည့်ရှိနေတာကြောင့် လုပ်ဆောင်လို့ရတဲ့နေရာတွေမှာပဲ ပြုလုပ်ပြီး မှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့မှာ  အခုလို စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်​ကန့်ကွက်ကြောင်း စာရွက်တွေကပ်ပြီး အသံတိတ်ဆန္ဒပြမှုပြီးတဲ့နောက် မြို့လုံခြုံရေးကို ပိုမိုတင်းကြပ်ထားတယ်လို့လည်း မြို့ခံပြည်သူတွေဆီက သိရပါတယ်။

`”ဂန့်ဂေါမြို့ပေါ်မှာ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းစာရွက်တွေကပ်ပြီး လုပ်ဆောင်ပြတာဟာ ဂန့်ဂေါမြို့နယ်က ပြည်သူတွေကလည်း ၎င်းတို့ရဲ့အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကို ပြတာပါပဲ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နောက်ထပ်ပြီးလည်း ရတဲ့နည်းလမ်းဖြင့် ဆန့်ကျင်ကြောင်းလုပ်ဆောင်မှုများကို ထပ်မံလုပ်ဆောင်သွားဖို့ ရှိ​တယ်။ နောက်ကိုတော့ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတွေပြုလုပ်ဖို့ စီစဥ်ထားပါတယ်” လို့ အခုအသံတိတ်သပိတ်လှုပ်ရှားမှုကို ဦးဆောင်စီစဥ်သူတစ်ယောက် ပြောကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်အနေနဲ့ ဂန့်ဂေါမြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့အတွက် နယ်မြေစိုးမိုးရေး လုပ်ဆောင်ဖို့ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲပြုလုပ်ဖို့ နီးကပ်လာချိန်တွေမှယ စစ်ရေးအထူးသတိရှိဖို့လည်း လိုအပ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ယောက်က ပြောဆိုချက်ကို ယောအလင်းတန်းက သတင်းဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေနဲ့ အောင်မြင်ရွာ(ရှောက်ပင်)အထိုင်ချကာကင်းစခန်း၊ မြစ်သာဆည်တမံလုံခြုံရေးကာကင်းစခန်း၊ မြို့ မြောက်ပိုင်းရှိ ပျုစောထီးတွေ အားကောင်းရာကျေးရွာတွေမှာသာ နယ်မြေစိုးမိုးထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) - PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်၊ ထိခိုက်မှုတွေလည်းရှိကာ အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၁၂ က စစ်သားတစ်ယောက် PDF ထံ လက်နက်နဲ့ အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခမရ ၁၂ က တပ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။