မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ကားလမ်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ရန်ကုန် – မော်လမြိုင်ကားလမ်း လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းလောက်မှာတော့ ပြန်လည်သွားလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်က သထုံးမြို့နယ် ရေဝေးကျေးရွာအနီး အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၂ ရက်ကလည်း သထုံမြို့နယ်  မိုးကောင်းကျေးရွာလမ်းဆုံအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက် ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နယ်မြေစိုးမိုးနိုင်ရေး တိုးမြှင့်လုပ်‌ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ကြောင်းမှ အလံဖြူထောင်သည့် စစ်ကော်မရှင်တပ်သားများကို ဗိုလ်ဒါဘော ကြိုဆို (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column - တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊အမှတ်-၁ တပ်ရင်း Special Guerrilla Force တပ်ခွဲထံက သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြေပဒုံနှင့် တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။