အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ ဘုံသဘောတူညီချက် ငါးရပ်ဟာ မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းတည်ငြိမ်ဖို့ ဒေသတွင်း ကြိုးပမ်းအားထုတ်မှုတွေကို လမ်းညွှန်ပေးတဲ့ အဓိက အခြေခံဖြစ်တယ်ဆိုတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ တွေ့ရှိရပါတယ်။

“အာဆီယံရဲ့ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရေးကိစ္စကို အကြီးတန်းအရာရှိ အဆင့်မှာ ဆက်လက်ဆွေးနွေးသွားမှာပါ။ မြန်မာနဲ့ပတ်သက်တဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ဆက်တိုက်ရှိနေဖို့က အရေးကြီးတယ်ဆိုတာကို ကျနော်တို့ ထပ်လောင်း အတည်ပြုပါတယ်။ အာဆီယံရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ရဲ့ သက်တမ်းကို ပြင်ဆင်ဖို့ အဆိုပြုချက်ကိုလည်း ဆွေးနွေးခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲတွေဟာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုနဲ့ ယုံကြည်စိတ်ချရမှု ရှိရမယ်လို့ (ဇူလိုင်လမှာ လုပ်ခဲ့တဲ့) အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတုန်းက သဘောတူခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေ အရှိန်အဟုန် မပျက်စေဖို့ အလေးထားကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပါဝင်ဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာစေရေး သူ့ရဲ့ရာထူးသက်တမ်း တိုးမြှင့်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြောဆိုခဲ့ပါတယ်။

၂၅ အောက်တိုဘာ ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ကွာလလမ်ပူမြို့၊ ကွန်ဗင်းရှင်းစင်တာတွင် ၄၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က ပြောကြားခဲ့ခြင်း ဖြစ်သည်။ (ဓာတ်ပုံ Yusof Isa)



“အဲဒီအဆိုပြုချက်ကို ဆက်လက်ဆွေးနွေးဖို့ အကြီးတန်းအရာရှိတွေကို တာဝန်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားအမြင် အမျိုးမျိုးရှိနေတယ်။ ဥပမာ အားဖြင့် သုံးနှစ်ရှိမယ်ဆိုပြီး သတ်မှတ်ထားတဲ့ သက်တမ်းမျိုး ထားသင့်သလား၊ ဒါမှမဟုတ် လက်ရှိအတိုင်း အာဆီယံဥက္ကဋ္ဌအပေါ် မူတည်ပြီး အထူးကိုယ်စားလှယ် ခန့်အပ်တဲ့ စနစ်အတိုင်းပဲ ဆက်လုပ်သင့်သလားဆိုပြီး စဉ်းစားစရာတွေ ရှိပါတယ်” လို့ မိုဟာမက် ဟာဆန်က ပြောပြပါတယ်။

တဖက်မှာလည်း မြန်မာစစ်အုပ်စုဟာ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဦးစားပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ လူသားချင်းစာနာမှု မူတွေအရ လူသားချင်းစာနာမှု အကူအညီတွေကို လိုအပ်သူတွေဆီ ရောက်ရှိစေဖို့အတွက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (AHA Centre) နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး အားကောင်းအောင် လုပ်ဖို့လိုတယ်လို့လည်း ဟာဆန်က အလေးထား ပြောကြားထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေကို သက်သာစေဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ပြင်ပမိတ်ဖက်နိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ ပုဂ္ဂလိကကဏ္ဍတွေရဲ့ ပံ့ပိုးကူညီမှုတွေကို အာဆီယံအနေနဲ့ ကျေးဇူးတင်ရှိကြောင်းလည်း သူက ပြောသွားပါတယ်။

မူရင်းသတင်း – Asean continues discussions on envoy mandate and sending observers to Myanmar ahead of elections, says Tok Mat

0 Shares:
You May Also Like
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် သမာသမတ် ဖြစ်လိမ့်မည်ဟု PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ပြော

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ်အကုန်မှာ ကျင်းပပေးမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ သူမယုံကြည်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောလိုက်ပါတယ်။
Read More

ပေါက်မြို့နယ်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုထဲက စစ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့ပေါ် ရပ်ကွက်များမှ အရပ်သား ၉ ဦးအထိ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ထား…

" မြို့ပေါ်ရပ်ကွက်ပေါင်းစုံကနေ ဖမ်းတယ်။ စစ်တယ်။ ပြန်လွှတ်တယ်။ သတ်ချင်ရင်သတ်တယ်။ ဇူလိုင်လ ၁၈ ရက်ကတည်းက လုပ်တာဆိုတော့ အရေအတွက်က ရာနဲ့ချီနေပါပြီ။ မြို့ပေါ်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက်၊ ရပ်ကွက်ငယ်တွေနဲ့ဆို ၁၅ခုပေါ့။ သူတို့ကတစ်ရပ်ကွက်ချင်းကိုအထိုင်ချပြီးဖမ်းနေတာပါ။ " လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေစကြို၊ ပျူရွာကို တော်လှန်ရေးတပ်တွေ Drone တွေနဲ့ တိုက်ခိုက်ခဲ့…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာ (ပျူစောထီရွာ) ကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။