မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ကိုချမ်းမင်းဟိန်းဟာ မြင်းခြံထောင်မှာ ဖမ်းဆီးခံထားရချိန် ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါ ရောဂါတွေ ဖြစ်ခဲ့ပေမယ့် ထောင်တွင်းဆေးရုံမှာပဲ ဆေးဝါးမလုံလောက်စွာ ကုသခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုချမ်းမင်းဟိန်းကို ထောင်တွင်းဆေးရုံမှာ ကုသလို့ မရတော့တဲ့အတွက် အောက်တိုဘာ ၁၈ရက်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီနေ့မှာပဲ အသက် ၂၉ နှစ်အရွယ် ကိုချမ်းမင်းဟိန်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံထောင်မှာက ထောင်ဆေးရုံအနေနဲ့ ရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကျတော့ ကိုချမ်းမင်းဟိန်းဖြစ်တဲ့ ကျောက်ကပ်ဖြစ်တာတို့၊ အသည်းရောင် အသားဝါရောဂါဖြစ်တာတို့ ဆိုတာက ထောင်ဆေးရုံတွေမှာ ကုသလို့မရတဲ့ အခြေအနေပေါ့နော်။ အဲဒါကိုမှ ပြင်းထန်နေတဲ့ အခြေအနေမှာ ပြင်ပဆေးရုံကို ပို့တာနောက်ကျသွားတဲ့အတွက် အသက် ၂၉နှစ်အရွယ်လေးမှာ မသေဆုံးသင့်ဘဲနဲ့ အသက်ဆုံးရှုံးရတာမျိုး ဖြစ်ပါတယ်” လို့ PPNM တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းဟာ ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲမှု၊ လက်နက်မှု စတဲ့ စွဲချက်တွေနဲ့ မတရားဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၅နှစ် ၆လ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးက အကျဥ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဥ်းတွေဟာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ အချိန်မှီ ဆေးကုသခွင့်တွေ မရတာကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

PPNM ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဥ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ် ဆေးကုသခွင့် မရရှိမှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၈ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့ပေါ် ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လက်​အောက်ခံဝန်ထမ်းများ ထွက်ပြေးသွားသည့် မြေစာရင်းရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်တွင် အသေခံဒရုန်းများအသုံးပြုပြီး စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အသေခံဒရုန်းတွေအသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မြိုင်ပကဖ ထံက သိရပါတယ်။ ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိန်းကလေးငယ် ထပ်မံ ခွဲစိတ်ဖို့ အကူအညီလိုအပ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလအတွင်း ၃ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။