ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၇ ရက် နေ့လည်ပိုင်းက မန်ကျည်းပင်ကျေးရွာမှာ ပေါင် (၅၀၀)ဗုံး (၁)လုံးနဲ့ ပေါင် (၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ (၁)ရက်ကနေ (၂၆)ရက်အထိ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၂၁) ယောက် သေဆုံးသွားခဲ့ပြီး  သံဃာတော် (၆)ပါး၊ ကလေး (၂၆) ယောက်၊ အမျိုးသား (၂၀) ယောက်၊ အမျိုးသမီး (၁၉) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အများပြည်သူတွေရဲ့ နေအိမ် (၁၇၃) လုံး၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ ကြက်မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနဲ့ ကား (၁၀)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူရေး အီးယူနှင့် ILO အဖွဲ့ဝင်နိုင်ငံများထံသို့ ရန်ကုန်သပိတ်အင်အားစုများ အိတ်ဖွင့်ပေးစာပေးပို့

ဒီမိုကရေစီ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားမြစ်ကာ နိုင်ငံကို  အတင်းအဓမ္မ စစ်ကျွန်ပြုနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO ကနေ ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ရန်ကုန်အခြေစိုက် သပိတ်အင်အားစုတွေက အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။
Read More

၁၂ နာရီကြာဖြစ်ပွားခဲ့သည့် ထားဝယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။