မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးဖို့ အောက်တိုဘာ ၂၆ ရက်မှာ မြို့ခံပြည်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

ပြစ်မှုကျူးလွန်သူဟာ အောက်တိုဘာ ၂၁ ရက်က ဆောမြို့မှာ အသက် (၁၃) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကာ အလောင်းကို ဆောမြို့ ဆေးရုံဝန်းထဲရှိ အခန်းတစ်ခုမှာ ပစ်ထားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကျူးလွန်သူဟာ အသက် (၂၁) နှစ်အရွယ် ကိုမင်းမင်းစိုး ဖြစ်ပြီး ဒေသတော်လှန်ရေးရဲဘော်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

တရားခံကို သက်ဆိုင်ရာအဖွဲ့အစည်းက ဖမ်းဆီးကာ အသေးစိတ် စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။

မင်းမင်းစိုးဟာ အရင်ကလည်း မုဒိန်းမှုကျူးလွန်ခဲ့ဖူးသူဖြစ်တယ်လို့ ‌ဒေသအခြေစိုက် ယောအလင်းတန်းက ဖော်ပြခဲ့ပါတယ်။

Video – Ķť Ĺĩng Ņaĭng

0 Shares:
You May Also Like
Read More

ဖာပွန် အမှတ် ၄၃၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၄၃၄ ခြေလျတပ်ရင်းကို PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ ရတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲ က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တရုတ်ကြီး စျာပန (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်းက ရဲဘော်တရုတ်ကြီးရဲ့ နာရေးစျာပနကို အောက်တိုဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်မြို့နယ် စွယ်တော်ကုန်းတိုက်ပွဲမှာ အသက်ပေးလှူသွားတဲ့ Cobra Column 2 VENOM ရဲဘော်သောင်းလှအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် သောင်းလှကျဆုံးခဲ့ရတယ်လို့ Cobra Column 2 VENOM ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်း သံချပ်ကာယာဉ်နှင့် တင့်ကားအပါ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ကံပြားကျေးရွာဘက်ကနေ ကန်ဘောင်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။
Read More

ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ(ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။