မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ က ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြို့နဲ့ ၂၃ မိုင်အကွာက ညောင်ဂျစ်ပင် ပျူစောထီးရွာကိုဝင်ရောက်ရင်း ဝါယမလက်ပါးစေ ပျူစောထီးတွေနဲ့ အင်အားပေါင်းစည်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ အကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၁၈၀ နီးပါးနဲ့ ညောင်ဂျစ်ပင် ပျူစောထီးရွာထဲ အထိုင်ချရင်း နီးစပ်ရာ ကျေးရွာတွေကို စီးနင်းမွှေနှောက်ရင်း အရပ်သားတွေကို ဖမ်းဆီးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် ညပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ တပ်ကနေ လွှတ်လိုက်တဲ့ စက်တပ်လေထီးဗုံး ထိမှန်ပြီး ထန်းတပင်ရွာနေ အရပ်သား ၂ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား နောက် ၁ယောက်လည်း အပြင်းအထန် ထိခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၆ ရက် ဒီနေ့လယ်မှာလည်း ညောင်ဂျစ်ပင် ပျူစောထီးရွာထဲကနေ လက်နက်ကြီး ၆၀ မမတွေ ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိပြီး အမျိုးသား၁ယောက် (မစိုးရိမ်ရ) ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။


” စစ်ကြောင်းက သူတို့အပြော ရွေးကောက်ပွဲအတွက် စည်းရုံးတယ်ပေါ့။ ဒီအတွက် နယ်မြေရှင်းတဲ့အနေနဲ့ စစ်ကြောင်းထိုးတာပါ။ ရွေးကောက်ပွဲကလည်း ပခုက္ကူခရိုင်ထဲဆို မြို့ပေါ်တွေလောက်ပဲ ဖြစ်နိုင်မှာပါ”လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ကိုဘိုဘိုသန့်ဇင်ရဲ့ ပြောပြချက်အရ အကြမ်းဖက်စစ်ကြောင်းကြောင့် လက်ရှိမှာ ရေလာကြီး၊ ထန်းတပင်၊ ဖောင်ကျောင်း၊ ဖောင်းကွဲ၊ ရေမျက်၊ ပြည့်အိုင်၊ ရွာသာအေး၊ မြေပန်းတောင်းစတဲ့ ကျေးရွာတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်းနဲ့ စစ်ကြောင်းဟာ ပခုက္ကူမြို့နယ်အတွင်းက မြစ်ခြေဒေသဆီ ဦးတည်ထွက်ခွာဖို့ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းဟာ လက်ရှိမှာ မြေပန်းတောင်းရွာအတွင်း ရောက်ရှိနေပြီး စစ်ရှောင်အရပ်သားတွေရဲ့ ပစ္စည်းဥစ္စာတွေ ခိုးယူဖျက်ဆီးနေသလို အရပ်သားတွေကိုလည်း ဓားစာခံလုပ် ဖမ်းဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဦးဆောင်စစ်ကြောင်းထိုးနေတဲ့ သင်္ကန်းဝတ် ဝါယမ ဟာ သူ လက်နက်ကိုင် ပျူစောထီးတပ်ထောင်ထားတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာနဲ့ စစ်အုပ်စုအခြေချရာ နေပြည်တော်ဆီ ကူးလူးသွားလာရင်း ဒေသတွင်းစစ်ကြောင်းတွေထိုးဖို့ အမိန့်ပေးကွပ်ကဲနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ကအိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ သေဆုံးသူအရေအတွက် ၂၂ယောက်အထိ ရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ကြောင့် ပြည်ပထွက်ပြေးနေရသည့် မြန်မာလုပ်သားများကို လိုက်လံ ကာကွယ်ပေးဦးမည်ဟု ခင်ရီ ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။