အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။

မျက်မှောက်ခေတ် စစ်မြေပြင်နဲ့ ထောက်လှမ်းရေးနယ်ပယ်မှာ မြင့်မားတဲ့ ကောင်းကင်ယံကနေ တိတ်တဆိတ် သတင်းအချက်အလက် စုဆောင်းနိုင်တဲ့ သူလျှိုပူဖောင်း ခေါ် Spy Balloon ကို အကြမ်းဖက်စစ်အုပ်စုက မြေပြန်ဒေသတွေမှာ ခပ်စိပ်စိပ်အသုံးပြုလာနေပြီလို့ သိရပါတယ်။

အလွန်မြင့်မားတဲ့ အမြင့်ပေ – High-Altitude မှာ ပျံဝဲနိုင်ပြီး မြေပြင်ပစ်မှတ်တွေရဲ့ သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့ အထူး ဒီဇိုင်းထုတ်ထားတဲ့ ဒီပူဖောင်းကို ဟီလီယမ် (သို့မဟုတ်) ဟိုက်ဒရိုဂျင် ဖြည့်ထားတဲ့ လေအိတ်နဲ့ အရေးကြီးစက်ကိရိယာတွေသယ်ဆောင်ထားရာ Payload Gondola နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဆိုပါ Payload Gondola ထဲမှာ နေ့ရောညပါ မြေပြင်ကို ထောက်လှမ်းစောင့်ကြည့်နိုင်တဲ့ အလင်းရောင်နဲ့ အနီအောက်ရောင်ခြည်သုံး EO/IR ကင်မရာတွေအပါအဝင် မြေပြင် ရေဒီယို၊ ဝေါ်ကီတော်ကီ၊ ဒရုန်းနဲ့ အခြားဆက်သွယ်ရေးလှိုင်းတွေကို ကြားဖြတ်ဖမ်းယူပေးတဲ့ Signal Intelligence ၊ မြေပြင်အဆောက်အအုံ၊ အရာဝတ္ထုတွေကို ဖမ်းယူနိုင်တဲ့ ရေဒါတွေနဲ့ လနဲ့ချီ လည်ပတ်နိုင်တဲ့ နေရောင်ခြည်သုံး ဆိုလာ၊ ဘတ္ထရီတွေ ပါဝင်တယ်လို့ သိရပါတယ်။

MDIS ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ သူလျှိုပူဖောင်းတွေဟာ အမြင့်ပေ ၁၅၀၀၀ လောက်မှာ ပျံသန်းလေ့ရှိပြီး သာမန်လေယာဥ်တွေလို ADS-B Transponder လွှင့်မထားတာကြောင့် Flight Radar (FR24) မှာ မပေါ်ဘူးလို့လည်း သိရပါတယ်။

(ဓာတ်ပုံ NgeLay/ ကိုလရောင်)

Spy Balloon တွေကို မနက်ခင်း ဒါမှမဟုတ် နေမထွက်ခင် မြင့်မားတဲ့ ကောင်းကင်ရဲ့ တစ်နေရာတည်းမှာပဲ တောက်ပတဲ့ အဖြူရောင်အလုံးကြီးအဖြစ် ရပ်တန့်နေတဲ့ပုံစံမျိုးနဲ့ တွေ့ရှိနိုင်သလို လေနှင်ရာအတိုင်း လွင့်နေပေမယ့် အလွန်မြင့်မားတာကြောင့် ဂြိုလ်တုဓာတ်ပုံတွေမှာပါ တစ်နေရာတည်း အချိန်ကြာမြင့်အောင် ရှိနေတတ်တယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်တပ်က အခုမှ Spy Balloon တွေကို စမ်းသပ်အသုံးပြုနေဆဲ ဆိုပေမယ့်လည်း ပါဝင်တဲ့ ထောက်လှမ်းမှုကိရိယာ‌တွေက နည်းပညာစွမ်းရည်မြင့်မားတာမလို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ အရေးကြီးပါမယ်။ စစ်ရေးလှုပ်ရှား၊ ပြင်ဆင်လုပ်ဆောင်မှုတွေကို သတင်းထောက်လှမ်းစောင့်ကြည့်နိုင်တာကြောင့် အ‌လေးအနက် သတိထားဖို့ အရေးကြီးပါတယ်” လို့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက မောင်းကိုပြောပါတယ်။

ဒါ့အပြင် Spy Balloon တွေ တည်ရှိမှုထက် ထောက်လှမ်းစုဆောင်းသွားတဲ့ သတင်းအချက်အလက်တွေက ပိုအရေးကြီးတယ်လို့လည်း သူကပြောပါတယ်။

ဒီအတွက် ပူဖောင်းတွေကို တိုက်ခိုက် ဖျက်ဆီးဖို့ ကြိုးပမ်းတာထက် တည်ရှိမှုကို အချိန်မီသိရှိပြီးတော့ပဲ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်တာ၊ ဆက်သွယ်ရေးကို နှောင့်ယှက်တာနဲ့ ပူဖောင်းတွေရဲ့ လှုပ်ရှားမှုလမ်းကြောင်းကို မှတ်တမ်းတင်ပြီး တန်ပြန်ထောက်လှမ်းဖို့ ကြိုးစားတာကသာ ပိုမိုထိရောက်နိုင်တယ်လို့လည်း MDSI က ဖော်ပြပါတယ်။

(ဓာတ်ပုံ NgeLay/ ကိုလရောင်)
(ဓာတ်ပုံ NgeLay/ ကိုလရောင်)

တစ်ဖက်မှာလည်း အနိမ့်ပျံအလုံးတွေကို မြေပြင်ကနေ လေယာဥ်ပစ် စက်သေနတ်တွေ၊ အသေခံဒရုန်းတွေနဲ့ ပစ်ချဖျက်ဆီးလို့ရကြောင်းနဲ့ အမြင့်ပေတက်သွားရင်တော့ Electronic Countermeasure (လှိုင်းဖြတ်တောက်ခြင်း) ကသာ ပိုမိုထိရောက်နိုင်တယ်လို့ဆိုပါတယ်။

Spy Balloon တွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဒေသခံ လေကြောင်းစောင့်ကြည့်ရေး အဖွဲ့ငယ်တွေဖွဲ့ပြီး ကောင်းကင်မှာ အဖြူရောင် အလုံးတွေရှိမရှိ စောင့်ကြည့်ကာ မသင်္ကာဖွယ်တွေ့ရင် အချိန်၊ တည်နေရာ၊ လားရာနဲ့ ခန့်မှန်း အမြင့်ပေတို့ကို မှတ်တမ်းတင်ထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Spy Balloon မှာပါတဲ့ ကင်မရာတွေ၊ အာရုံခံကိရိယာတွေကနေ ဖုံးကွယ်ထားနိုင်ဖို့ အရေးကြီးစခန်းတွေ၊ လက်နက်ဂိုထောင်နဲ့ စစ်လေ့ကျင့်ရေးနေရာတွေကို အလင်းပြန်မှုအားနည်းတဲ့ အနက်ရောင်၊ မီးခိုးရောင်မျိုး ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထားဖို့ လိုအပ်တယ်လို့ MDSI က ပြောပါတယ်။

တဆက်တည်းမှာပဲ မြေပြင်တပ်ဖွဲ့တွေအနေနဲ့လည်း ရေဒီယို၊ ဒရုန်းနဲ့ Wifi အသုံးပြုမှုတွေကို စနစ်တကျ ပြင်ဆင်အသုံးပြုသင့်ကြောင်း၊ ရဲဘော်တွေကို ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှု အကြောင်းအရာတွေနဲ့ ပတ်သက်လို့လည်း အသိပညာ ပေးထားသင့်ကြောင်း ဆိုပါတယ်။

Spy Balloon နည်းပညာကို အမေရိကန်ရဲ့ ၁၉၅၀ ခုနှစ် Project Genetrix ကနေ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်-တရုတ် ကမ္ဘာကျော်အဖြစ်အပျက်အထိ အင်အားကြီးနိုင်ငံတွေက အသုံးပြုနေကြဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိမှာတော့ မြေပြန့်ဒေသတွေမှာ အသုံးပြုလာတာ ခပ်စိပ်စိပ်တွေ့နေရပေမယ့် နောက်ပိုင်း ပိုမိုကျွမ်းကျင်လာရင် နေရာဒေသအနှံ့ အသုံးပြုလာနိုင်ပါတယ်” လို့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ လွှတ်တင်လိုက်တဲ့ Spy Balloon တွေကို ချောင်းဦး၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ဆားလင်းကြီး စတဲ့ စစ်ကိုင်းတိုင်းဒေသတွေနဲ့ မကွေးတိုင်း၊ မြိုင်၊ ပုလဲ စတဲ့နယ်တွေမှာပါ တွေ့ရှိလာရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုထားကြပါတယ်။

 

0 Shares:
You May Also Like
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းသူမှန်သမျှကို ပြတ်ပြတ်သားသား ရှင်းထုတ်ခြင်းရဲ့ ပြယုဂ် (သို့) ပန်ဝါမြို့ကို သိမ်းပိုက်ခြင်း

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Read More

အရည်အသွေးနိမ့် မြန်မာရုပ်ရှင်တွေရဲ့ နောက်ကွယ်မှာ ပြည်သူတွေကို တော်လှန်ရေးကနေ အာရုံလွှဲဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီဟာ သူတို့ကို ထောက်ခံတဲ့ အနုပညာရှင်တွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေပြီး ပြည်သူတွေကို တော်လှန်ရေးအဖွဲ့တွေနဲ့ သွေးခွဲဖို့ လုပ်ဆောင်မှုတွေ ရှိနေကြောင်း တော်လှန်အနုပညာရှင်တွေက ပြောပါတယ်။
Read More

ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း အပိုင်စားပေးပြီး အပြန်အလှန်အနေနဲ့ မြန်မာပြည်မှာ နျူကလီးယားစက်ရုံ တည်ဆောက်မယ့် စစ်ကောင်စီ 

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တဲ့ ရုရှားခရီးစဉ်မှာ ရုရှားကို ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး အပြန်အလှန်အဖြစ် ရုရှားတို့ရဲ့နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ နျူကလီးယားစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ဆိုပါတယ်။ 
Read More

တော်လှန်ရေးအတွက် ပြတ်သားထူးခြား အားကောင်းလာသည့် NUG ယာယီသမ္မတ၏ သတိပြုစရာ မိန့်ခွန်းများ

စစ်တပ်က အာဏာသိမ်းခဲ့တာ  ၄နှစ်ပြည့်ဖို့ လပိုင်းသာလိုတော့တဲ့အချိန်မှာ ပြည်သူတွေ အားကိုး ယုံကြည်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတရဲ့ ရှေ့ထွက်မိန့်ခွန်းတွေဟာ  ပြတ်သားအားကောင်းလာပြီး တော်လှန်ရေးခရီး အမြန်ဆုံး အဆုံးသတ်လိုတဲ့ စိတ်ဆန္ဒတွေနဲ့  ထုတ်ဖော်ပြောကြားမှုတွေ ဆက်တိုက်ရှိလာပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။