ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

အောက်တိုဘာ ၂၅ ရက်ညပိုင်းက ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ KK Park အတွင်း ပေါက်ကွဲမှု ၃ ကြိမ်ခန့် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒရုန်းပျံသန်းမှုတွေကို မဲဆောက်မြို့ကနေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နဲ့ ၂၃ ရက်ကလည်း အလားတူပေါက်ကွဲသံတွေ ကြားရပြီး မီးလောင်မှုဖြစ်ပွားနေတဲ့ မီးခိုးတန်းတွေ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

စစ်တပ်က ဝင်စီးမယ်လို့ သတင်းထွက်ပြီးတဲ့နောက် KK Park ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးသူ  စုစုပေါင်း ၁၂၃၃ ယောက်ကို ထိုင်းအာဏာပိုင်တွေက စိစစ်မှုတွေ လုပ်ဆောင်ကာ ယာယီခိုလှုံရေးစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Video – Natty loves Myanmar

0 Shares:
You May Also Like
Read More

ညောင်ရွှေမြို့နယ် ရှမ်းတောင်အထူးတပ်ဖွဲ့များ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပိတောက်ငုတ်ရွာ ပျူစောထီးခေါင်းဆောင် ရွာအုပ်ကြီးတို့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ တပ်ခွဲထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

Justice Soldier PDF အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

Justice Soldier PDF ရဲ့ အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်း ပွဲအခမ်းအနားကို မတ်လ ၅ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ကြည့်မြင်တိုင်မှာ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး(ရုပ်/သံ)

ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။