ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဘလားအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်တပ်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ပြည်သူတွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူး အေးသောင်ကို မနေ့က အောက်တိုဘာလ ၂၅ ရက်၊ မနက် ၇ နာရီဝန်းကျင်အချိန် သူ့ရဲ့ နေအိမ်မှာပဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်တွေက ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက် ပစ်ခတ်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“သူကတော်တော်လူပါးဝပါတယ်… အာဏာသိမ်းပြီးနောက်ပိုင်းမှာပေါ့နော်… သူတို့ရဲ့ အနောက်ခြမ်းကို PDF တွေ မလာနိုင်ဘူးဆိုတဲ့ အသိနဲ့ ပြည်သူတွေကို ယုတ်မာချင်တိုင်း ယုတ်မာနေတာပေါ့နော်။ သူ့ကိုစောင့်ကြည့်နေခဲ့တာ။ ပြည်သူတွေရဲ့ တိုင်ကြားတာတွေလည်း လက်ခံရရရှိထားတယ်။ အဲ့ဘက်က အုပ်ကြီးတွေ၊ ပျူစောထီးတွေ၊ ပြည်သူ့စစ်တွေက မြို့ကို ကျော်ပြီး သူတို့ဘက်ကို မရောက်လာနိုင်ဘူး ထင်နေတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မြေအောက်တပ်ဖွဲ့ပါ နေရာတိုင်းမှာ ရှိနေပါတယ်” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့မှူး ရဲဘော်ဒေဝက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှူး အေးသောင်



သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး အေးသောင်ဟာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူတွေ မဲထည့်ဖို့ ဖိအားပေးတာတွေ၊ ပြည်သူတွေထံက စစ်မှုထမ်းကြေးဆိုပြီး ငွေကြေးတွေ ခြိမ်းခြောက်ကောက်ခံတာတွေ၊ လူငယ်တွေ စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းတာတွေကို လုပ်ဆောင်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ်တွေ အပါအဝင် ထောက်တိုင်တွေကိုပါ အရှိန်မြှင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စု အနီးအနား သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၃ ကြိမ်မြောက် ကြိုးစားမှုမှာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တော်လှန်ရေးမှာ ပါဝင်မည့် စစ်ကောင်စီတပ်သား

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ ညောက်ကျိုးတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၁ယောက် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပဲခူးအနောက်ခြမ်း အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုထံ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ သိရပါတယ်။ 
Read More

မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ်(၁၂) မဲနှိုက်ဖို့ စစ်အုပ်စုအပေါင်းအပါများ လုပ်ဆောင်နေ 

မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။
Read More

တောင်ပိုင်းစစ်‌ဒေသက ဧရာ၀တီအတွက် တိုင်းစစ်ဌာနတစ်ခုကို စတင်ဖွဲ့စည်း

တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ဇွဲကပင်တောင် တောမီးလောင်ကျွမ်းမှု ဟိုတယ်ဇုန်နှင့် နီးကပ်လာ 

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်မှာ တောမီးလောင်ကျွမ်းမှု များပြားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။