မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ မတိုင်မီ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အဆိုပါ မူဝါဒတွေကို ထိုင်းက သတင်းထောက်တွေရှေ့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

မနေ့ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စိဟာဆတ် ဖောင်ကတ်ကောင် က ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးဆိုင်ရာ အလွတ်သဘော အကြံပေးဆွေးနွေးပွဲ တိုးချဲ့အစည်းအဝေးကို တက်ရောက်ခဲ့ပါသေးတယ်။

မြန်မာ့အရေး ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ အဓိက မူဝါဒ ရပ်တည်ချက် ၄ ရပ်ကတော့

၁။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုနဲ့ ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ လမ်းကြောင်းအဖြစ် လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးပေးရေး၊

၂။ ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်ရင်း အားလုံးပါဝင်ပြီး တရားမျှတ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတွေ ပြုလုပ်ဖို့ တောင်းဆိုရေး၊

၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာ့အရေး သက်ဆိုင်သူတွေ အချင်းချင်းနဲ့ အာဆီယံရဲ့ ပြင်ပမိတ်ဖက်တွေအကြား အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ထောက်ခံအားပေး မြှင့်တင်ရေး၊

၄။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ယန္တရားရဲ့ ထိရောက်မှုနဲ့ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်နိုင်မှုကို ပိုမိုမြှင့်တင်ရေး တို့ဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူက Convention Center မှာ ပြုလုပ်တဲ့၊ (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့ချိန် (ဓာတ်ပုံ BERNAMA)


စစ်အုပ်စုကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နီကွန်ဒေ က ထိုင်းအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကို ပြည်တွင်းဆုံးဖြတ်ချက်အဖြစ် ရှုမြင်ပေမယ့် လာမယ့်ရွေးကောက်ပွဲတွေ တတ်နိုင်သမျှ အားလုံးပါဝင်နိုင်အောင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးကြောင်း၊ အဲဒီလို ထိတွေ့ဆက်ဆံရာမှာလည်း အာဆီယံအဖွဲ့ဝင်တွေက ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်သင့်ကြောင်း ပြောဆိုပါတယ်။

“ဒါပေမယ့် လေ့လာစောင့်ကြည့်တယ်ဆိုတာ အသိအမှတ်ပြု ထောက်ခံတယ်လို့ မဆိုလိုပါဘူး” “ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုနဲ့ ရွေးကောက်ပွဲရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် လေ့လာစောင့်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကိုယ်တိုင်ကို အသိအမှတ်ပြုခြင်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး” လို့ နီကွန်ဒေက ဆိုပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ရဲ့ သက်တမ်းကို တိုးမြှင့်မယ့် စိတ်ကူးအပေါ် အစည်းအဝေးက အပြီးသတ် ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ယေဘုယျအားဖြင့် ထောက်ခံမှုတော့ ရှိကြောင်း သူကပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Thailand Outlines Four Key Positions On Myanmar 

0 Shares:
You May Also Like
Read More

မယ်စဲ့အကျဉ်းထောင်က ထွက်ပြေးသည့် စစ်သုံ့ပန်း ၃၀ ကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက် မယ်စဲ့မြို့နယ် အကျဉ်းထောင်ကနေ  ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက အယောက် ၃၀ ကျော်ကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အတွင်းမှာ ထပ်မံဖမ်းဆီးရမိထားတယ်လို့ ထိုင်းသတင်းဌာနတွေကနေ ဖော်ပြကြပါတယ်။ 
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

ရွေးကောက်ပွဲ အကြောင်းပြ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာပြည်လာရောက်မယ်ဆိုခြင်းဟာ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းဟု NUCC ထုတ်ပြန်

မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်ကို BIMSTEC ညိီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Read More

အိန္ဒိယက ရာနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များကို နှင်ထုတ်ကြောင်း HRW ထုတ်ပြန်

အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။