မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စလင်းမြို့ အထက (၁) အထက်တန်းကျောင်းက Grade 10 ကျောင်းသူ မမွန် (အမည်လွှဲ) နဲ့ Grade 12 ကျောင်းသား မောင်ကောင်း (အမည်လွှဲ) တို့ဟာ သမီးရည်းစားတွေဖြစ်ပြီး မောင်ကောင်းက သူ့မွေးနေ့မှာ ဘုရားသွားဖို့ မမွန်ကို ချိန်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ မောင်ကောင်း (အမည်လွှဲ) က ရည်းစားဖြစ်သူ မမွန် (အမည်လွှဲ) ကို မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားပေါ် ခေါ်ဆောင်သွားကာ သူနဲ့အတူပါလာတဲ့ နောက်ထပ် သူငယ်ချင်း ၂ ယောက်နဲ့အတူ ဘုရားပေါ်မှာ အရက်သောက်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၃ ယောက် အရက်သေစာ သောက်စားမူးယစ်ပြီးတဲ့နောက် မမွန်ကို အတင်းအဓမ္မပြုကျင့်ခဲ့ကြပြီး အဲ့လို ပြုကျင့်ချိန်မှာ မမွန်ရဲ့ ရည်းစားဖြစ်သူက မမွန်ကို လည်ပင်းညှစ်ခြင်း၊ ပါးရိုက်ခြင်း၊ ပါးစားကိုပိတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တစ်ယောက်တစ်လှည့် အဲ့လိုလုပ်ဆာင်ခဲ့မှုတွေကိုလည်း ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ တယ်လီဂရန်မှာ ဖြန့်ဝေခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် မမွန်က ထီးကြီးဘုရားပေါ်မှာ သတိလစ်မေ့သွားခဲ့ပြီး သတိပြန်လည်လာချိန်မှာ ဘုရားဘက်လာတဲ့ လူတွေကို လှမ်းခေါ် အကူအညီတောင်းခဲ့တာကြောင့် စလင်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ နယ်ခံတစ်ယောက်က ပြောပြပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းသား ၃ ယောက်နဲ့ ဗီဒီယိုရိုက်ပေးတဲ့ ကျောင်းသား၁ယောက်ကို လက်ရှိ စလင်းရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာဆရာမတွေနဲ့ ရဲတွေက ဒီကျောင်းသား ၄ ယောက်လုံးအတွက် သိန်း ၇၀၀ နဲ့ ကျေအေးပေးဖို့ ညှိနှိုင်းမှု လုပ်နေတယ်လို့ သိရပါတယ်။

“ဒီ ၄ ယောက်ပေါင်းပြီး သိန်း ၇၀၀ လျော်ကြေးပေးရမယ်။ ရဲကနေပြီးတော့ တောင်းဆိုတာ။ ဒီပြုကျင့်ခံရတဲ့ ကျောင်းသူ မိဘတွေကတော့ ဘာမှမပြောရဲဘူး။ ရဲကနေ ကြားကနေပြီးတော့ ငွေညှစ်တဲ့ပုံစံမျိုး ဒီသတင်းကိုလည်း ဖုံးပေးမယ့်သဘောမျိုးပေါ့” လို့ ဖြစ်စဥ်ကို သိရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အတင်းအဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူ မမွန် (အမည်လွှဲ) ဟာ လက်ရှိအချိန်ထိ စလင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အင်းတော်ကြီး PDF က စိုးမိုးနယ်မြေများမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေ မြှင့်တင်ရေး လုပ်ဆောင်နေ (ဓာတ်ပုံသတင်း)

ကချင်ပြည်နယ်အခြေစိုက် အင်းတော်ကြီးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K PDF) အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့စာပေတို့ မြှင့်တင်ရေးအတွက် ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။