အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါအ​ခြေခံစစ်ပညာသင်တန်းကို ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းစု-ပကဖ တပ်ရင်းစခန်းမှာ အောက်တိုဘာ (၂၄) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ တပ်ဖွဲ့ဝင်မိသားစုတွေ၊ ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိသူတစ်ချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်၊ စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စိုင်ပြင်လေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို ဓားစာခံအဖြစ် နမခ ထဲ ခေါ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်တွင် မြေပြင်ဝေဟင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် SNA အား တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများ ရှိပြီး အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။