အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ သမ္မတထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအရေး နှစ်နိုင်ငံကြားသဘောတူညီချက်နဲ့ နှစ်နိုင်ငံ ပုံမှန် ဆက်ဆံရေးပြန်ဖြစ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။

သမ္မတထရမ့်က ဒီနေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ Truth Social မီဒီယာကနေ “ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံအကြား ကြားဝင်စေ့စပ်ပေးနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မလေးရှားနိုင်ငံကို ရောက်ရှိနေပြီ” လို့ ရေးသားထားပါတယ်။

လက်မှတ်ရေးထိုးပွဲကို တနင်္ဂနွေနေ့ ဒီနေ့ နှောင်းပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် စနေနေ့က ထိုင်းဘုရင့် မယ်တော့်ဖြစ်တဲ့ မိဖုရားကြီးသီရိခေတ် ကံတော်ကုန်သွားတာကြောင့် ထိုင်းဝန်ကြီးချုပ်အနုတင်က ဒီမနက်အစောပိုင်းအချိန်ကိုပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားပြီး လက်မှတ်ရေးထိုးပွဲပြီးရင် ထိုင်းနိုင်ငံကို ပြန်ဖို့ရှိနေပါတယ်။

မိဖုရားကြီး သီရိခေတ် ကံတော်ကုန်မှုနဲ့ ပတ်သက်ပြီး ”ထိုင်းနိုင်ငံပြည်သူများအတွက်အထူးဝမ်းနည်းကြောင်း” လည်း သမ္မတထရမ့်က ပြောကြားထားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးဟာ နှစ်စဉ် အရှေ့အာရှထိပ်သီးအစည်းအဝေးနဲ့အတူ အာဆီယံနိုင်ငံတွေအပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်တို့က ခေါင်းဆောင်တွေ စုဝေးတက်ရောက်တာပဲ ဖြစ်ပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီးစ်၊ အသစ်ခန့်အပ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီ၊ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာ လက်ဆန်တို့ တက်ရောက်မှာ ဖြစ်တယ်လို​ြ သိရပါတယ်။

ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ်ကလည်း မော်စကိုကို ကိုယ်စားပြုတက်ရောက်မှာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ အွန်လိုင်းကတစ်ဆင့် တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲ NUG ကိုယ်စားလှယ်တက်ရောက်

ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ 
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။