တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က ပျူခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ကျေးရွာအခြေစိုက် ပျူစောထီးခေါင်းဆောင် ဦးစိုးသန်းကို သူ့ရဲ့နေအိမ်မှာ ထမင်းစားနေချိန် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

” အခွင့်ရေးရလို့ အသုံးချလိုက်တာပါ ၊ ကျနော်တို့‌သူဆီရောက်တော့ ထမင်းစားပြီး ထမင်းဝိုင်းနံဘေး လှဲနေချိန် ဖမ်းခေါ်ခဲ့တာပါ၊ ပြန်လည်ခုခံတာမျိုးတော့မရှိပါဘူး ” လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါပျူစောထီးခေါင်းဆောင်ကို သွားရောက်ဖမ်းဆီးချိန်မှာ အဆိုပါကျေးရွာဟာ စစ်ကော်မရှင်တပ်သားတွေရဲ့ ဂိတ်စခန်းနဲ့ နီးတဲ့အတွက် သေသေချာချာ လုပ်ဆောင်ခဲ့ရသလို လက်နက်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ရင်လည်း အန္တရာယ်ရှိနိုင်တဲ့ အခြေ‌အနေဖြစ်တယ်လို့ သိရပါတယ်။

” အခက်ခဲအတွေကတော့ အန္တရာယ်တော့ များတာပေါ့၊ ကပစ ဂိတ်နဲ့ ကပ်လျက်ဆိုတော့ ကျည်မထွက်ရဲဘူး၊ ကျည်ထွက်ရင်တော့ မလွယ်ဘူးပေါ့ ၊ အခုလိုအရှင်မိတာတော့မရှိဖူးဘူးဗျ၊ အသေဘဲ ရှိခဲ့ဖူးတယ် ” လို့ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ပျူခေါင်းဆောင် ဦးစိုးသန်းဟာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက် လောင်းလုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ ရေကြောင်း ယ၊ ကုန်းကြောင်း စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ကြိုးပမ်းနေသူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးစိုးသန်းဟာ ကျောက်နီမော်ကျေးရွာနဲ့ အနီးနားကျေးရွာရှိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဒေသခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်း၊ ဓားပြတိုက်ခြင်း၊ ငါးဖမ်းလှေတွေဆီက ခြိမ်းခြောက်ငွေကြေးကောက်ခံခြင်း စတဲ့ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်နေသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့ ပျူခေါင်းဆောင်ကို သူ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးမှုပြုလုပ်ကာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပျူခေါင်းဆောင် ဦးစိုးသန်း
0 Shares:
You May Also Like
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နုတ်ထွက်သွားသည့် တပ်ရင်းများရှိသလို ဝင်ရောက်လိုသည့် တပ်ရင်းများစွာလည်း ရှိနေကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ (ရိုးမဗျူဟာ ၄) ၊ ဖာပွန်ခရိုင် တပ်ရင်း ၁ က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့တာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
Read More

မတ္တရာမှာ စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက်သေ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေကို လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၂ ယော​​က်သေဆုံးခဲ့တယ်လို့ Never Give Up Fox Force :NGUFF အဖွဲ့ဆီက သိရပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။