တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ အသက်ပေးလှူသွားတဲ့ Idiots အဖွဲ့ဝင် ရေမွန်အတွက် အမှတ်တရပွဲမှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုနေရင်းမှာပဲ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။

Idiots Farewell Tour – IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။

အဆို‌တော် အဒီနိုဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဒီနေ့ညမှာ ဖျော်ဖြေတဲ့ ပွဲကိုလည်း ကျန်းမာရေး မကောင်းတဲ့ကြားထဲကနေ လာရောက်ဖျော်ဖြေသွားခဲ့တာဖြစ်တယ်လို့ အဒီနိုနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းက လှုမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

Idiots Farewell Tour – IDF ပွဲဟာ Idiots အဖွဲ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်သလို အဆိုရှင် ရေမွန်အတွက် အမှတ်တရ ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။

Idiots အဖွဲ့ရဲ့ အဆိုရှင်ဖြစ်တဲ့ ရေမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီး ကာလအစောပိုင်းမှာ တော်လှန်ပြည်သူတွေနဲ့အတူ အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရင်း လွတ်မြောက်နယ်မြေတနေရာမှာ ငှက်ဖျားရောဂါကြောင့် ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး (KORD) က ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း၊ ကရင်အမျိုးသားအစည်အရုံး - KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းက ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်…

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက် ယူဆောင် အလင်းဝင်လာတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူ့ကို အဖက်ပင်မလုပ်ကြောင်း မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့ သူ့ဘက်က ဖိတ်ခေါ်ခဲ့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူ့ကို အဖက် မလုပ်ဘဲ ဆက်လက်တိုက်ခိုက်နေကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။