မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ်ဆက်နွယ်သူတွေရဲ့စာရင်းကို ရရှိထားရာ စစ်အုပ်စုဘက်ကို ရပ်တည်မှုနဲ့ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက တစ်မြို့နယ်တည်းမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ရှိနေရာ ဂန့်ဂေါမြို့နယ်မှာ လွှတ်တော် ၃ ရပ်အတွက် အမတ် ၅ ယောက်ဝင်အရွေးခံဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ၃ ယောက်ရဲ့အကြောင်းကိုသာ သိရှိရသေးကြောင်း သိရပါတယ်။

လက်ရှိမှာလည်း တိုင်းဒလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက​နေ ဝင်ရောက်အရွေးချယ်ခံမယ့် ဦးဇော်ထွန်းဦးဟာလည်း ပြိုင်မယ့်သူမရှိတာကြောင့်ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကိုလည်း ကြံခိုင်ရေးပါတီကိုယ်စားပြု အစိုးရ ရှေ့နေဒေါ်အိဖြူလွင်နဲ့ တစ်သီးပုဂ္ဂလ စစ်တပ်ဗိုလ်ပြုတ်ဟောင်း ဦးသန်းဝင်းတို့က ယှဥ်ပြိုင်မှာဖြစ်ပြီး ဝင်ရောက်ယှဥ်ပြိုင်သူတွေဟာ စစ်အုပ်စုနဲ့ ထဲထဲဝင်ဝင် ပက်သက်ဆက်နွယ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

” ဇော်ထွန်းဦးက ပြိုင်မယ့်သူမရှိလို့ အမတ်နေရာရပါပြီ။ တိုင်းလွှတ်တော်နေရာက သူတစ်ယောက်တည်း ပြိုင်မှာဆိုတော့ အမတ်က ဖြစ်နေပြီပေါ့။ ကျန်တဲ့ နေရာတွေ ပြိုင်မယ့် ၂ ယောက်ကလည်း စစ်တပ်နဲ့သာ ပက်သက်တာ၊ နိုင်ငံရေးအကြောင်းနားလည်ကြတာမဟုတ်ဘူး။ အခု ကြံ့ဖွတ်ပိုနိုင်မယ်ဆိုတာကလည်း သူတို့ပဲရှိတာကိုး၊ ကျန်တဲ့ပါတီက မရှိဘူး။ ၂၀၂၀ တုန်းကလည်း မဲဆွယ်ကာလနီးမှ ကပ်ရောက်လာကြတာ။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ကြံ့ခိုင်ရေးပါတီဝင်များ၏ စည်းရုံးရေးပွဲတစ်ခုမြင်ကွင်း(ပုံဟောင်း)

လက်ရှိမှာလည်း စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၂၈ နေရာမှာ ကြိုတင် အနိုင်ရရှိထားပြီးဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က အောက်တိုဘာလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါခရိုင်အတွင်းက ဆော၊ ထီးလင်းစတဲ့ နေရာတွေမှာ တော်လှန်ရေးတပ်တွေရဲ့ အားကောင်းမှုကြောင့် အတုယောင်ရွေးကောက်ပွဲမလုပ်နိုင်သလို လုပ်ဆောင်မယ့် ဂန့်ဂေါမြို့နယ်မှာလည်း စစ်အုပ်စုက ဂန့်ဂေါမြို့ပေါ်အပါအဝင် အောင်မြင် (ခေါ်) ရှောက်ပင်ရွာနဲ့ ပျားရွာတို့ကိုသာ စိုးမိုးထားနိုင်တာဖြစ်ပြီး မြို့နယ်ရဲ့နေရာတော်တော်များမှာ တော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အမှတ် (၅၀) ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်က ဂန့်ဂေါမြို့ပေါ် ဂိတ်နဲ့ကင်းတွေကို အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အားတွေ တိုးမြှင့် ပြောင်းလဲထားပြီး မြို့အနီးတစ်ဝိုက်ကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

” ဒီလူတွေက ယောသူယောသားတွေရဲ့ မျက်နှာမကြည့်ပဲ စစ်တပ်ကိုပဲ ကြည့်တော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူစေချင်ပါတယ်။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က ပြောပါတယ်။

ဂန်ဂေါမြို့နယ်ကနေ လက်ရှိ လူမူ့ကွန်ရက်မီဒီယာပေါ် သတင်းအမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ စစ်သားဟောင်း ဘူးလတ်လှဆွေက ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ထိန်းချုပ်၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသရဲ့ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ နောက်ဆုံးအပတ်က အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။