အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ အကြွေးပေးဖို့ ရှိနေတဲ့ အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒေါက်တာသက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းအတွက် ဒေါက်တာသက်သက်ခိုင်နဲ့ စီးပွားဖက်တွေက ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ပေမယ့် 68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတဲ့အပြင် ကမ္ဘောဇဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော်ကိုလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုက ပြင်ဆင်ထားတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၈ (ဃ) က လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်မှာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကို မသင့်လျော်တဲ့ ငွေကြေး ပေးဖို့ တာဝန်ကင်းရှင်းသူတွေလို့ ပြဋ္ဌာန်းထားရာ အဆိုပါအချက်နဲ့ ဒေါက်တာသက်သက်ခိုင်က ငြိစွန်းနေတယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းတာကြောင့် ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲယှဥ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အမတ်လောင်းစာရင်းမှာလည်း ဒေါက်တာသက်သက်ခိုင်ရဲ့ နာမည် မပါဝင်လာတာပဲ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်းမှာ စစ်အုပ်စုက နိုင်သူအကုန်ယူ စနစ်နဲ့ ပြုလုပ်မယ့် အမှတ် ၂ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ်လို့ ပြောဆိုထားပေမယ့် ရန်ကုန်တိုင်းရဲ့ အခြားလွှတ်တော်မဲဆန္ဒနယ်တွေက အမတ်လောင်းစာရင်းတွေမှာ မပါဝင်လာတာပဲ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာတဲ့ အမတ်လောင်းစာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမယ့်လည်း စစ်အုပ်စုရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ်ထုတ်ပြန်ချက်မှာတော့ မပါဝင်လာတာဖြစ်ပါတယ်။

NLD အမတ်ဟောင်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သီးခြားပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ကာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးနဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

NLD လွှတ်တော်အမတ်ဟောင်း ဖြစ်တဲ့ ဒေါက်တာသက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဟာ စစ်အုပ်စု ပြုလုပ်မယ့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေပြီး ကိုယ်စားလှယ်လောင်း ၆၇၂ ယောက် အမည်စာရင်း တင်သွင်းထားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ…

" သူတို့ဗိုလ်ကြီးပိုင်းအရာရှိတွေဆိုတော့ အထက်က သက်ဆိုင်ရာအဖွဲ့တွေကိုပဲ လွှဲပေးထားတယ်။ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မှာပါ။" လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁)စစ်ဒေသ ၊ မကွေးတိုင်းအခြေစိုက် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၇) သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်က လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဒဏ်ရာရပြည်သူတွေကို ခွဲစိတ်ကုသပေးနေချိန် ဆေးပေးခန်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ (၃)ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။