စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံတောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပအဖ က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် မိုးစပါး ရာသီမှာ ဒီပဲယင်း မြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာ စိုက်ခင်းတွေမှာ ဖြစ်ပွားတဲ့ ပိုးမွှား ရောဂါပြသနာတွေကို စိုက်ကွင်းထဲအထိ သွားရောက် ဖြေရှင်း ပညာပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ စပါး စိုက်ကွင်းတွေမှာလည်း မျိုးကောင်း မျိုးသန့် မျိုးစေ့တွေ ရရှိနိုင်ဖို့အတွက် မျိုးသန့် စိုက်ပျိုးရေး ကုမ္ပဏီတွေ၊ အကျိုးဆောင်တောင်သူတွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုး ထုတ်လုပ်ပေးတာကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေစပါး ရာသီမှာလည်း ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့မှုအချို့ ပြုလုပ်နိုင်ခဲ့တယ်လို့  ဒီပဲယင်း မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ရှောင်ပြည်သူများနှင့် ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်ရဲ့ စိုးမိုးနယ်မြေတစ်နေရာအတွင်း ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း သူနာပြုနဲ့ ကျန်းမာရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရှောင်ပြည်သူတွေနဲ့ ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ ရင်းမှူး ရိုက်နှက်၊ ချုပ်နှောင်၊ အဓမ္မပြုကျင့်သည် ဆိုတဲ့ကိစ္စ တပ်ရင်းဘက်မှ ငြင်းဆို၊ PDF ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့အတွက် ပြန်လည်တရားစွဲမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။