ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တောင်ခြမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေပြီး စစ်အုပ်စုက လေကြောင်းကနေ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေညရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် မနေ့က မနက်ပိုင်းကစလို့ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်ရင်းက ထွက်လာတဲ့ စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာနား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက တစ်နေ့လုံး လက်နက်ကြီးပစ်ခတ်တာ၊ စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာ မဟုတ်ဘဲ အရပ်သားနေထိုင်ရာကျေးရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ဒီအတွက် အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာလည်း ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားအရပ်သား ၁ ယောက် ထိခိုက်သေဆုံးခဲ့သေးတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ပုံစာ – တောင်ငူခရိုင်တပ်ရင်း အမှတ် ၂ P23502 တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

” တိုက်ပွဲက မနေ့က မနက်က စဖြစ်တာဗျ။ တစ်နာရီကျော်လောက် ဖြစ်ကြပြီးတော့ စခတွေ ပြန်ဆုတ်သွားတယ်။ လက်ရှိအချိန်အထိ အခြေအနေတွေက တင်းမာနေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ရေးအရ သတိပေးထားသလို အန္တရာယ်ရှိတဲ့နေရာကိုလည်း ဝင်ထွက်ခွင့် ခဏပိတ်ထားတယ်။ စခတပ်ကတော့ တိုက်ပွဲဖြစ်တဲ့နားက ရွာတွေကို လက်နက်ကြီးတစ်နေကုန်နီးပါး ပစ်သလို ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးချပါတယ်။” လို့ ဒေသခံသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

အရပ်သားတွေအနေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့အချိန်အတွင်း တော်လှန်ရေးတပ်တွေ ကန့်သတ်ထားတဲ့ ခွင့်မပြုတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတာမျိုးမလုပ်ကြဖို့နဲ့ လေယာဥ်သံ၊ လက်နက်ကြီးသံတွေ ကြားရင်လည်း လုံခြုံတဲ့အကာအကွယ်နေရာတွေမှာပဲ ပုန်းခိုနေထိုင်သင့်တယ်လို့ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 က အသိပေးထုတ်ပြန်ထားပါသေးတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ်(၂) တပ်ရင်း P23502 ထံ မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်သတင်းမေးမြန်းထားဆဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရ… ဘီးလင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်လုပ်အသေခံဒရုန်းတွေနဲ့ပါ ပြည်သူတွေကို တိုက်ခိုက်…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းတိုက်နယ်တွင် စစ်ကြောင်းဝင်နေသည့် အကြမ်းဖက်စစ်သားများ သေဆုံး၊ အရှင်ဖမ်းခံရပြီး စစ်ကြောင်းပြန်ဆုတ်ရ၊ တော်လှန်ရေးတပ်များ လက်နက်ခဲယမ်း သိမ်းဆည်းရရှိသည့်အပြင် ထိခိုက်ကျဆုံးမှုများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။