မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ်ဆက်နွယ်သူတွေရဲ့စာရင်းကို ရရှိထားရာ စစ်အုပ်စုဘက်ကို ရပ်တည်မှုနဲ့ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက တစ်မြို့နယ်တည်းမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ရှိနေရာ ဂန့်ဂေါမြို့နယ်မှာ လွှတ်တော် ၃ ရပ်အတွက် အမတ် ၅ ယောက်ဝင်အရွေးခံဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ၃ ယောက်ရဲ့အကြောင်းကိုသာ သိရှိရသေးကြောင်း သိရပါတယ်။

လက်ရှိမှာလည်း တိုင်းဒလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက​နေ ဝင်ရောက်အရွေးချယ်ခံမယ့် ဦးဇော်ထွန်းဦးဟာလည်း ပြိုင်မယ့်သူမရှိတာကြောင့်ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကိုလည်း ကြံခိုင်ရေးပါတီကိုယ်စားပြု အစိုးရ ရှေ့နေဒေါ်အိဖြူလွင်နဲ့ တစ်သီးပုဂ္ဂလ စစ်တပ်ဗိုလ်ပြုတ်ဟောင်း ဦးသန်းဝင်းတို့က ယှဥ်ပြိုင်မှာဖြစ်ပြီး ဝင်ရောက်ယှဥ်ပြိုင်သူတွေဟာ စစ်အုပ်စုနဲ့ ထဲထဲဝင်ဝင် ပက်သက်ဆက်နွယ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

” ဇော်ထွန်းဦးက ပြိုင်မယ့်သူမရှိလို့ အမတ်နေရာရပါပြီ။ တိုင်းလွှတ်တော်နေရာက သူတစ်ယောက်တည်း ပြိုင်မှာဆိုတော့ အမတ်က ဖြစ်နေပြီပေါ့။ ကျန်တဲ့ နေရာတွေ ပြိုင်မယ့် ၂ ယောက်ကလည်း စစ်တပ်နဲ့သာ ပက်သက်တာ၊ နိုင်ငံရေးအကြောင်းနားလည်ကြတာမဟုတ်ဘူး။ အခု ကြံ့ဖွတ်ပိုနိုင်မယ်ဆိုတာကလည်း သူတို့ပဲရှိတာကိုး၊ ကျန်တဲ့ပါတီက မရှိဘူး။ ၂၀၂၀ တုန်းကလည်း မဲဆွယ်ကာလနီးမှ ကပ်ရောက်လာကြတာ။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ကြံ့ခိုင်ရေးပါတီဝင်များ၏ စည်းရုံးရေးပွဲတစ်ခုမြင်ကွင်း(ပုံဟောင်း)

လက်ရှိမှာလည်း စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၂၈ နေရာမှာ ကြိုတင် အနိုင်ရရှိထားပြီးဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က အောက်တိုဘာလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါခရိုင်အတွင်းက ဆော၊ ထီးလင်းစတဲ့ နေရာတွေမှာ တော်လှန်ရေးတပ်တွေရဲ့ အားကောင်းမှုကြောင့် အတုယောင်ရွေးကောက်ပွဲမလုပ်နိုင်သလို လုပ်ဆောင်မယ့် ဂန့်ဂေါမြို့နယ်မှာလည်း စစ်အုပ်စုက ဂန့်ဂေါမြို့ပေါ်အပါအဝင် အောင်မြင် (ခေါ်) ရှောက်ပင်ရွာနဲ့ ပျားရွာတို့ကိုသာ စိုးမိုးထားနိုင်တာဖြစ်ပြီး မြို့နယ်ရဲ့နေရာတော်တော်များမှာ တော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အမှတ် (၅၀) ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်က ဂန့်ဂေါမြို့ပေါ် ဂိတ်နဲ့ကင်းတွေကို အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အားတွေ တိုးမြှင့် ပြောင်းလဲထားပြီး မြို့အနီးတစ်ဝိုက်ကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

” ဒီလူတွေက ယောသူယောသားတွေရဲ့ မျက်နှာမကြည့်ပဲ စစ်တပ်ကိုပဲ ကြည့်တော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူစေချင်ပါတယ်။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က ပြောပါတယ်။

ဂန်ဂေါမြို့နယ်ကနေ လက်ရှိ လူမူ့ကွန်ရက်မီဒီယာပေါ် သတင်းအမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ စစ်သားဟောင်း ဘူးလတ်လှဆွေက ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ကမ္မဒေသရှိ ကျေးရွာများကို စစ်ကောင်စီ ၅ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ဗုံးသီး ၁၀၀ နီးပါး အသုံးပြုခဲ့ပြီး နေအိမ်များပျက်စီးကာ စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်က နိုင်ကျဉ်းတစ်ယောက်ဆီမှာ ဆေးလိပ်အခွံ တွေ့တယ်ဆိုပြီး ထောင်ပိုင်တွေက ရိုက်နှက်နှိပ်စက်

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ထံက ပွတ်ချွန်း (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူ) တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်တွေက အဲဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးအနောက်ပိုင်း ပျူစိုးမိုးနယ်မြေမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။