ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်က ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၂၄ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး (၄) နှစ်၊ (၁၇) နှစ်၊ (၁၄) နှစ်နဲ့ (၁၃) နှစ်အရွယ် ကိုရင်တွေအပါအဝင် (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေမှာ ၂ ယောက်က ဒေသခံတွေဖြစ်ပြီး ကျန် ၅ ယောက်ကတော့ ကိုရင်လေးတွေဖြစ်ကာ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တစ်ချို့လည်း ထိမှန်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

” ဘုန်းကြီးတစ်ပါးကတော့ ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်၊ ကျောင်းထိုင်လို့ ပြောတယ်၊ အဲမှာ လူစုလူဝေးတဲ့နေရာဖြစ်လို့ ကြဲတာပဲ ဖြစ်မယ်၊ စတားလင့် အင်တာနက်ဖွင့်တာလေ၊ ဘာကြောင့်ကြဲလဲ တပ်အပ်ပြောရခက်တယ်” လို့ ကျောက်မဲ နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ကျေးရွာထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ထွက်သွားလာတာမျိုးမရှိဘဲ ပြည်သူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွာ်ချက် နဲ့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ များစွာ ရှိနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်ကလည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ယောက်အပါ ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဘတ် ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာအချင်းချင်း ဘတ်ငွေ ၁၀ သန်း ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။