တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်မျာ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၄ လမ်းမှာ မီးလောင်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၁ နာရီကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ ၄ ထပ်ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၃၀၀ ကျော် ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခံရ (ရုပ်/သံ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိ ၄ ထပ်ဘုန်းကြီးကျောင်းနဲ့ နေအိမ်အလုံး ၃၀၀ ကျော်ကို စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၃၀ ရက်က စည်ပင်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကွက်အမှတ် ၅၁၆ - က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ - ခ အတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို အင်အားသုံး ဝင်ရောက် ဖျက်ဆီးခဲ့တာဖြစ်ပြီး ပြည်သူအများအပြား အိမ်မဲ့အိုးမဲ့ဖြစ်ခဲ့ရပါတယ်။
Read More

မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိရာ စွမ်းရည်ထက်အထိုင်စခန်း၊ မအူအထိုင်စခန်းနဲ့ သာစည်ထောင်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa ထံက သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ပြန်ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခံရာ အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မနေ့ညပိုင်းက Ngwe Dwin Revolution Forceမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေလာလေး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့မှု (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

နေပြည်‌တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရတနာမြေကျေးရွာအနီး နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ မြို့သစ်ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။