ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၄ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာနဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က ရေကြည်မြို့နယ်၊ စပြင်ရွာကို အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး (၂)လုံးနဲ့ ပေါင် ၂၅၀ ဗုံး(၁) လုံး၊ ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၅၀ ဗုံး (၂) လုံး၊ စုစုပေါင်း ဗုံး (၅) လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂၄ ​ယောက် သေဆုံးခဲ့ပြီး  အ ရပ်သား ၂၀ ခန့် ဒဏ်ရာရကာ လူနေအိမ် ၁၇ လုံးပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်သလို သေဆုံးသူတွေက အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၄ ယောက်ဖြစ်ပြီး ဒဏ်ရာရသူ အယောက် ၂၀ ကတော့ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီးမီဒီယာ)

0 Shares:
You May Also Like
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

၁၁၁၁ စစ်ဆင်ရေးတပ်‌ပေါင်းစု (၁)နှစ်ပြည့်မှာ စစ်ဆင်ရေးအတွင်း အသက်ပေး လှူသွားခဲ့တဲ့ သူရဲကောင်းတွေကို KNDF လွမ်းဆွတ် ဂုဏ်ပြု

၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်ပြီး ရှမ်းမြောက်ပိုင်းက (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖော်‌ဆောင်ခဲ့တာပါ။
Read More

ပုလောမြို့ပေါ်က စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း၊ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နွေဦးတော်လှန်ရေးကာလအတွင်း ရွှေဘိုပကဖ ရဲ့ ၄ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ (ဓာတ်ပုံသတင်း)

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဟာ နွေဦးတော်လှန်ရေးအတွင်း (၄)ကြိမ်မြောက်အဖြစ် သက်ကြီးပူဇော်ပွဲ ပြုလုပ်ကာ ​ကုသိုလ်ယူခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

စစ်အင်အားဖြည့်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းက စစ်အုပ်စုတွေ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ ရှမ်းတပ်ရဲစခန်းကို ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။