အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၄ ရက် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးချဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေက နယ်ကျော်ရာဇဝတ်မှုကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ မိုဟာမက်က ဆိုပါတယ်။ 

“နယ်ကျော်ရာဇဝတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေအထိသာမက အဲ့ဒီရာဇဝတ်မှုတွေမှာ ပါဝင်တဲ့ လူတွေရဲ့ နိုင်ငံတွေအထိပါ ပျံ့နှံ့နေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ ဒီအခြေအနေကို မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေက ရပ်တန့်ဖို့ ကျနော်တို့ လိုလားပါတယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေ အထူးသဖြင့် အာဆီယံအတွက် ပြဿနာတခု ဖြစ်လာနေလို့ပါ” လို့ မိုဟာမက်ဟာဆန်က သတင်းထောက်တွေကို ပြောပါတယ်။

နယ်ကျော်ရာဇဝတ်မှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ စစ်အုပ်စုလုပ်မယ့် မြန်မာ့ရွေးကောက်ပွဲကိစ္စတွေကို အာဆီယံခေါင်းဆောင်တွေအနေနဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။ 

မြန်မာပြည်မှာ ရွေးကောက်ပွဲလုပ်တဲ့ကိစ္စ အာဆီယံက တားဆီးနိုင်မှာမဟုတ်ပေမယ့် ဒေသဆိုင်ရာ အစုအဖွဲ့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့၊ အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားတယ်လို့ သူက ပြောပါတယ်။ 

“နိုင်ငံသားအချို့သာ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ကျနော်တို့ မလိုချင်ပါဘူး။ ဒီအပတ်နှောင်းပိုင်း ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးသွားမှာပါ” လို့ သူက ဆိုပါတယ်။ 

မလေးရှားရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေဆီ မရောက်တဲ့အတွက် စိတ်ပျက်ကြောင်း၊ မြန်မာကိုပေးတဲ့ အကူအညီပေးရေးလုပ်ငန်းတွေဟာ ပိတ်ဆို့မှုတွေကြောင့် ဆက်လက်နှောင့်ယှက်ခံနေရဆဲဖြစ်ကြောင်း မိုဟာမက်က ပြောပါတယ်။ 

“လိုအပ်သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ မြန်မာအုပ်ချုပ်ရေးအဖွဲ့ကို ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒါဟာ ဘုံသဘောတူညီချက်ငါးရပ်ရဲ့ အဓိက အခြေခံမူတွေထဲက တခုပါ” လို့ သူက ဆိုပါတယ်။ 

ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို ဆွေးနွေးခဲ့ကြောင်း သူက ပြောပါတယ်။ 

“အရေးအကြီးဆုံးကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးရပ်ဟာ အာဆီယံက မြန်မာ့အရေးကို စီမံခန့်ခွဲတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဘုံသဘောတူညီချက်တွေဟာ အကောင်အထည်ဖော်ဖို့ သိပ်မခက်ပါဘူး။ ကျနော်တို့အားလုံးအနေနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ၊ လိုအပ်သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိစေဖို့ စတာတွေကို လိုလားပါတယ်” လို့ မိုဟာမက် ဟာဆန်က ဆိုပါတယ်။

စစ်အုပ်စုဟာ “သူတို့ကို ထောက်ခံမှုမရှိတဲ့ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေတာတွေ ရှိပါတယ်။ ဒါတွေကို ရပ်တန့်စေချင်ပါတယ်” လို့ သူက ထပ်လောင်း ပြောဆိုထားပါတယ်။ 

မူရင်းသတင်း – Asean wants Myanmar to address transnational crime, says Tok Mat

0 Shares:
You May Also Like
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့တွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ (ရုပ်/သံ)

ဂျာမနီနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ ၇ ရက် ဒီနေ့ မြန်မာပြည်သူပြည်သားတွေနဲ့ GSM e.V. ပူးပေါင်းပြီး အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းရှိ လူမှုအခြေပြုအဖွဲ့အစည်းတွေက လိမ်လည်တဲ့ ဟန်ပြရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
Read More

နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲပြုလုပ်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Time Square ရင်ပြင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲကို ဇွန်လ ၂၂ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်”

ကမ္ဘာ့ရေးရာ ပြဿနာတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းကြသူတွေကို ပေးအပ်တဲ့ နိုင်ငံတကာ အထင်ကရ ဆုတစ်ခုဖြစ်တဲ့ The Right Livelihood Award ဆုပေးပွဲမှာ Justice For Myanmar (JFM) က ၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။