မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF)တို့ ထိတွေ့တိုက်ပွဲ ၁ နာရီ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး စစ်ကြောင်းနောက်ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF)နဲ့အတူ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်( PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ BORDERLESS နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz မှ သတင်းထုတ် ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်း F-16 တိုက်လေယာဉ်များ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှု စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။